သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eid al-Fitr ပွဲတော်ချိန် ပါကစ္စတန်ဗုံး ၃၀ ကျော်သေ


Eid al-Fitr ပွဲတော်ကျင်းပစဉ် (သြဂုတ်လ ၈၊၂၀၁၃)
Eid al-Fitr ပွဲတော်ကျင်းပစဉ် (သြဂုတ်လ ၈၊၂၀၁၃)
အစ္စလာမ်ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်လ ကုန်ဆုံးချိန်အဖြစ် အိဒ်နေ့ အခမ်းအနားတွေကို ကမ္ဘာတလွှား နေရာ အတော်များများမှာ ကျင်းပကြပါတယ်။ ကမ္ဘာပေါ်မှာ မူဆလင်လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ကြာသပတေးနေ့က အိဒ်ပွဲတော်နေ့အဖြစ် ဗလီတွေမှာ ဝတ်ပြု ဆုတောင်းခဲ့ကြတာပါ။ အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဘာသာရေး နယ်မြေဖြစ်တဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသ နိုင်ငံတွေမှာလည်း အိဒ်ပွဲတော်ကို ဆင်နွှဲကြပါတယ်။

ကျေးဇူးတရားနဲ့ စာနာမှုပြသလေ့ရှိတဲ့ Ramadan ဥပုသ်ကာလ အစဉ်အလာ တခုအဖြစ် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကလည်း မူဆလင်တွေအတွက် စိတ်ချမ်းသာ ပျော်ရွှင်စရာ အခါသမယအဖြစ် ဆုတောင်းစကား ပြောခဲ့တာပါ။

ဒါပေမဲ့လည်း ပါကစ္စတန် နိုင်ငံမှာတော့ အိဒ်ပွဲတော် ကာလ အတွင်း သွေးထွက်သံယို အဖြစ်အပျက် တခု အနေနဲ့ တွေ့ခဲ့ရတာကတော့အသတ်ခံခဲ့ရတဲ့ ရဲအရာရှိတဦးရဲ့ ဈာပနမှာ ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးပြီး နောက်ထပ် ၆၀ ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။
XS
SM
MD
LG