သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆေးရုံ လေကြောင်းတိုက်ခိုက်မှု ၈ ဦးသေ


ဆီးရီးယားဆေးရုံ လေကြောင်းတိုက်ခိုက်မှု ၈ ဦးသေ
ဆီးရီးယားဆေးရုံ လေကြောင်းတိုက်ခိုက်မှု ၈ ဦးသေ

ဆီးရီးယားအနောက်မြောက်ပိုင်းက ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း နယ်စည်းမခြားဆရာဝန်များအသင်းရဲ့ ပံ့ပိုးမှုနဲ့ ဖွင့်လှစ်ထားတဲ့ ဆေးရုံးပျက်စီးပြီး လူ ၈ ဦးထက်မနည်း သေဆုံးသွားတယ်လို့ MSF ကပြောပါတယ်။

Idlib ဒေသမှာရှိတဲ့ Maaret al-Numan က ဆေးရုံကို ရော့ကတ်ဒုံးကျည် ၄ စင်း ထိမှန်ခဲ့ပြီး ဝန်ထမ်း ၈ ဦးပျောက်ဆုံးနေတယ်ကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ MSF က ပြောပါတယ်။ ဒါဟာ ကျန်းမာရေးပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ဆေးရုံတရုံကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခိုက်တာဖြစ်တာကြောင့် ဒီလုပ်ရပ်အပေါ် အပြင်းထန်ဆုံးရှုံ့ချပါတယ်လို့ MSF အကြီးအကဲ Massimiliano Rebaudengo ကပြောပါတယ်။

ဆေးရုံကို အခုလိုတိုက်ခိုက်တာကြောင့် ပဋိပက္ခတွေ အပြင်း အထန်ဖြစ်ပွားနေတဲ့ နေရာက လူ ၄ သောင်းလောက်ဟာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိတေ့ာမှာ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။ ခုတင် ၃၀ ဆန့် ဆေးရုံးမှာ ကျန်းမာရေး ဝန်ထမ်း ၅၄ ဦးအထိရှိပြီး ခွဲစိတ်ခန်း ၂ ခန်း ၊ ပြင်ပလူနာ ကုသရေးဌာနနဲ့ အရေးပေါ်အခန်း ၁ ခန်းရှိတယ်လို့ MSF ကပြောပါတယ်။

ဒီ တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက် ဆိုတာကို MSF က မပြောပေမယ့် ဗြိတိန်အခြေစိုက် ဆီးရိးယားလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ဒါဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုလို့ ယုံကြည်ရကြောင်းပြောဆိုပြီး ဒီတိုက်ခိုက်မှုအတွင်း လူ ၉ ဦးသေဆုံးပြီးဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

ဆီးရီးယားမြောက်ပိုင်း Azaz မြို့က ကလေးဆေးရုံကိုလည်း ဒီကနေ့မှာ မစ်ဇိုင်း ဒုံးကျည် တစင်း ထိမှန်ခဲ့တာကြောင့် လူ ၁၀ ဦး ထက်မနည်း သေဆုံးသွားပါတယ်။

XS
SM
MD
LG