သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား နိုင်ငံတဝှမ်း ကျင်းပ


 သမ္မတအိမ်ဖြူတော်မှာ ၉/၁၁ နှစ်ပတ်လည် အမှတ်တရ သမ္မတနဲ့ဇနီး၊ အစိုးရအဖွဲ့ဝင်များ ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်ဂုဏ်ပြုစဉ်။
သမ္မတအိမ်ဖြူတော်မှာ ၉/၁၁ နှစ်ပတ်လည် အမှတ်တရ သမ္မတနဲ့ဇနီး၊ အစိုးရအဖွဲ့ဝင်များ ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေတ္တငြိမ်သက်ဂုဏ်ပြုစဉ်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က သေဆုံးခဲ့ရသူအများစုဟာ မိမိတို့နိုင်ငံရဲ့ နိုင်ငံ့ဝန်ထမ်းဝတ်စုံကို ဘယ်တုန်းကမှ မဝတ်ဆင်ခဲ့ကြဖူးဘူးဆိုတာ မှန်ပေမဲ့ သူတို့ဟာ အမေရိကန်နိုင်ငံသား ၅ သန်းကျော်ကို စိတ်ခွန်အားတက်ကြွှအောင် လှုံ့ဆော် ပေးနိုင်ပါတယ်လို့ အမေရိကန်သမ္မတ ဘရာ့် အိုဘားမားက ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၁ နှစ်က အကြမ်းဖက်သမားတွေ တိုက်ခိုက်လို့ သေဆုံးခဲ့ရသူတွေကို အောက်မေ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ် ပန်တဂွန် စစ်ဌာနချုပ်မှာကျင်းပတဲ့ အခမ်းအနားအတွင်း သမ္မတအိုဘားမားက အဲဒီလိုပြောသွားတာပါ။

နှစ်ပေါင်းဘယ်လောက်ပဲ ကြာသွားသည်ဖြစ်ပါစေ၊ သူတို့ချစ်ခင်မြတ်နိုးရသူတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးလို့လည်း သေဆုံးသူတွေရဲ့ မိသားစုတွေကို မစ္စတာ အိုဘားမားက ပြောခဲ့ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွေကို နယူးယောက်၊ ဝါရှင်တန်နဲ့ ပန်ဆယ်လ်ဗေးနီး ယားမြို့တွေမှာ ကျင်းပတာမှာ လူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူ ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတာပါ။

သမ္မတအိမ်ဖြူတော်မှာ အင်္ဂါနေ့မနက် ဒေသစံတော်ချိန် ၈ နာရီလ ၄၆ မိနစ်ကကျင်းပတဲ့ အခမ်းအနားမှာလည်း သမ္မတ ဘရာ့်ခ် အိုဘားမားနဲ့ သမ္မတကတော် မီရဲှလ် အိုဘားမားတို့ တက်ရောက်ခဲ့ကြပြီး အောက်မေ့သတိရခြင်း အထိမ်းအမှတ် ဦးခေါင်းငုံ့ပြီး ခေတ္တ ငြိမ်သက်ခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးဌာန WTO မိုးမျှော် အဆောက်အဦးနှစ်ခုကို အကြမ်းဖက်သမားတွေက ခရီးသည်တင်လေယာဉ်နှစ်စင်းကို ပြန်ပေးဆွဲပြီး ဝင်တိုက်ခဲ့တဲ့အချိန် အတိအကျ ဖြစ်ပါတယ်။
အမေရိကန်စစ်ဘက်ဌာနချုပ်ဖြစ်တဲ့ ပန်တဂွန်ကိုလည်း တတိယလေယာဉ်တစင်းနဲ့ တိုက်ခိုက် ခံခဲ့ရတာပါ။
စတုတ္ထခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ရှန့်က်စ်ဗီးလ်မြို့က အခမ်းအနားမှာတော့ ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒန်က စကားပြောခဲ့ပါတယ်။
XS
SM
MD
LG