သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Elizabeth ဘုရင်မကြီး နိုင်ငံ့လမ်းစဉ် လွှတ်တော်မှာချပြ


ဗြိတိန်နိုင်ငံရဲ့ Elizabeth ဘုရင်မကြီးဟာ ဥရောပသမဂ္ဂမှာ ဗြိတိန်နိုင်ငံအနေနဲ့ ဆက်နေမလား၊ နှုတ်ထွက်မလားဆိုတဲ့ ဆန္ဒခံယူပွဲ ပြုလုပ်မယ်ဆိုတဲ့ ကတိ အပါအဝင် ရှေးရိုးစွဲ Conservative အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ချခင်းပြတဲ့ အစဉ်အလာ မိန့်ခွန်းတရပ်ကို ပါလီမန်မှာ ပြောကြားသွားပါတယ်။

အဆောင်အယောင်အပြည့်နဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ဗြိတိန်ဘုရင်တွေရဲ့ နှစ်စဉ်ပြုလုပ်မြဲ ရိုးရာအစဉ်အလာ တရပ်အနေနဲ့ ဘုရင်မကြီးက ဥပဒေပြုအမတ်တွေကို မိန့်ခွန်းပြောခဲ့တာပါ။ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ဦးဆောင်တဲ့ Conservative ပါတီရဲ့ မျှော်မှန်းချက်တွေကို ဖော်ပြထားတဲ့မိန့်ခွန်းကို ဖတ်ကြားသွားတာလည်း ဖြစ်ပါတယ်။

မစ္စတာ ကင်မရွန်းက သူ့အနေနဲ့တော့ ဥရောပသမဂ္ဂကနေ နှုတ်ထွက်တာထက် ဥရောပသမဂ္ဂ ပြုပြင်ရေးကို ဦးစားပေးမယ့် တခြားနည်းလမ်းတွေကိုလည်း ပစ်ပယ်မထားဘူးလို့ ဆိုထားတာပါ။ မိန့်ခွန်းထဲမှာတော့ ဘုရင်မကြီးက ဥရောပသမဂ္ဂမှာ ဗြိတိန်နိုင်ငံ အဖွဲ့ဝင်ဖြစ်နေတာကို အစိုးရက ပြန်လည် ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

လူမှုဖူလုံရေး၊ အကျိုးခံစားခွင့်တွေ တိုးမြှင့်ဖို့နဲ့ အခွန်အကောက်တချို့ကို ၅ နှစ်ရပ်ဆိုင်းထားမယ်လို့လည်း ဆိုပါတယ်။ အခု မစ္စတာ ကင်မရွန်းဦးဆောင်တဲ့ အစိုးရဟာ ဆယ်စုနှစ်များစွာအတွင်း ပထမဦးဆုံးသော ဗြိတိန်နိုင်ငံမှာ ညွန့်ပေါင်းမဟုတ်တဲ့ Conservative လူများစုအစိုးရ ဖြစ်ပါတယ်။

XS
SM
MD
LG