သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cliff စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Fiscal cliff as a traffic sign
Fiscal cliff as a traffic sign
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ fiscal cliff, cliff hanger နဲ့ go off the cliff တို့ ဖြစ်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လောလောဆယ် ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးပြဿနာကြီးကို တင်စားပြီး သုံးနှုန်းနေတဲ့ fiscal cliff ကို ရှင်းပြဖို့ တင်ပြထားပါတယ်။ Fiscal = ဘဏ္ဍာရေး, Cliff = ချောက်ကမ်းပါး တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဘဏ္ဍာရေးချောက်ကမ်းပါး ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်ပြည်ထောင်စုမှာ ၁၉၈၇ ခုနှစ်က လျှပ်စစ်ဓါတ်အား ထုတ်လုပ်တဲ့ကုမ္မဏီတခု ဒေဝါလီခံရမယ့်အခြေအနေ ဆိုက်ရောက်စဉ်က တင်စားသုံးခဲ့တာလို့ ဆိုပါတယ်။ ဆိုလိုတာကတော့ စီးပွားရေးဘေးဒုက္ခကြီး၊ စီးပွားရေးအကြပ်အတည်းကြီးနဲ့ ရင်ဆိုင်ရတာကို ဆိုလိုတာဖြစ်ပါတယ်။ အခုနောက်ဆုံး ရေပန်းစားလာတာကတော့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Ben S. Bernanke က မနှစ်စောစောပိုင်းက အသုံးပြုခဲ့တာပါ။

ဘဏ္ဍာရေးချောက်ကြီးလို့ တင်စားပြောရမှာတော့ အခုကုန်တော့မယ့် နှစ်အပြီးလာမယ့်နှစ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှာ တကယ်လို့သာ သမ္မတနဲ့ လွှတ်တော်ကြား ညှိနှိုင်းမယူနိုင်ဘူးဆိုလို့ရှိရင် စီးပွားရေးဘေးဒုက္ခ ရောက်မယ့်အခြေအနေ ဖြစ်ပါတယ်။ လိုငွေပြနေတာကို လျှော့ချနိုင်ဖို့ အစိုးရအနေနဲ့ အသုံးစရိတ်ကို တော်တော်များများ ဖြတ်တောက်ရမှာ ဖြစ်သလို ဝင်ငွေခွန်တွေကိုလည်း တိုးကောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ချမ်းသာသူတွေကလည်း ချမ်းသာတဲ့အလျှောက်၊ မရှိဆင်းရဲတဲ့သူတွေကလည်း မရှိဆင်းရဲတဲ့အလျှောက် ခါးစီးပြီးတော့ ခံကြရမှာ ဖြစ်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် နိုင်ငံအနေနဲ့ စီးပွားရေးကပ်ဆိုက်နိုင်တယ်လို့ ယူဆကြပါတယ်။

ဒါကြောင့်မို့လည်း ဘဏ္ဍာရေးချောက်ကမ်းပါးကြီးလို့လည်း အီဒီယံအရ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။

အခုလို စီးပွားရေးပြဿနာကြီး မဆိုက်ရလေအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့ fiscal cliff နဲ့ ပတ်သက်လို့ George Grow ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Political leaders say they will try to avoid the fiscal cliff that could push the US into another recession.
နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဒီဘဏ္ဍာရေးချောက်ကမ်းပါးကြီးထဲ မကျနိုင်အောင် ရှောင်နိုင်ဖို့ ကြိုးစားမယ်လို့ ပြောနေကြတယ်။ နောက်မို့ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်ထပ်စီးပွားရေး အကြပ်အတည်းကြီးကို ရင်ဆိုင်ရနိုင်တယ်။

နောက်ထပ်တင်ပြပေးမယ့် အသုံးအနှုန်းက cliff hanger ဖြစ်ပါတယ်။ Cliff = ချောက်ကမ်းပါး, Hanger က Hang = ချိတ်တယ်၊ တွဲလောင်းကျသည် ဆိုတဲ့ အခြေခံဝေါဟာရက ဆင်းသက်လာပြီး Hanger ကတော့ ချိတ်တဲ့ချိတ်၊ တွဲလောင်းကျနေတဲ့ အခြေအနေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ချောက်ကမ်းပါးမှာ တွဲလောင်းကျနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ချောက်ကမ်းပါးမှာ တွဲလောင်းကျနေတဲ့ အခြေအနေဆိုရင် ဘယ်လောက် သဲထိတ်ရင်ဖို ဖြစ်စရာကောင်းမလဲဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ သဲထိတ်ရင်ဖို ဖြစ်စရာအခြေအနေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်တဲ့သူတွေ အနိုင်ရရှိမှုက သိပ်ကိုခန့်မှန်းရခက်နေတယ်။ ရင်တမမနဲ့ ဖြစ်နေရတဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ တခါတရံလည်း ဒီစကားကို ရုပ်ရှင်တွေနဲ့ တွဲပြီးသုံးလေ့ ရှိပါတယ်။ တချို့ရုပ်ရှင်တွေက သဲထိတ်ရင်ဖိုရုပ်ရှင်တွေဆိုရင် cliff hanger ဆိုပြီးတော့ ပြောဆိုလေ့ရှိပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The swimming rally race was a cliff hanger. Our team won by a few seconds.
လက်ဆင့်ကမ်းရေကူးပြိုင်ပွဲကတော့ သဲထိတ်ရင်ဖိုကောင်းစရာပါပဲ။ ကျနော်တို့အသင်းက စက္ကန့်ပိုင်း အနည်းငယ်နဲ့ ကပ်နိုင်ခဲ့တယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းက go off the cliff ဖြစ်ပါတယ်။ Go Off = လွန်ပြီးကျွံကျသွားသည်, the Cliff = ချောက်ကမ်းပါး ဖြစ်ကြပြီး ချောက်ကမ်းပါးထဲကို လွန်ကျသွားသည် လို့ တိုက်ရိုက်အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကလည်း မူရင်းနဲ့ သိပ်မကွာလှဘူးလို့ ဆိုရပါလိမ့်မယ်။ တခုခုလုပ်ဆောင်ရာမှာ လွန်ရာကျတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Jim went off the cliff when he made accusation without first checking the facts.
Jim တယောက် စွပ်စွဲချက်တွေလုပ်တာ လွန်ရာကျတယ်လေ။ သူက အချက်အလက်တွေကို ပထမ စုံစမ်းမေးမြန်းခြင်း မရှိဘဲနဲ့ အခုလို လုပ်လိုက်တာလေ။
XS
SM
MD
LG