သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fly စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Military jets fly over an Orthodox Christian church during a rehearsal for the Victory Day parade in Moscow, May 7, 2013.
Military jets fly over an Orthodox Christian church during a rehearsal for the Victory Day parade in Moscow, May 7, 2013.
ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ပျံတယ်လို့ အဓိပ္ပါယ်ရတဲ့ Fly ဝေါဟာရ ကိုအခြေခံတဲ့အီဒီယံ အသုံးတချို့ ဖြစ်တဲ့ Fly off the handle, Fly by night နဲ့ On the fly တို့ကို တင်ပြထားပါတယ်။

(၁) Fly off the handle

Fly (ပျံတာ)၊ Fly ကို Off (preposition - ဝိဘက်) နဲ့ တွဲသုံးတဲ့အခါမှာ Fly off (ပျံထွက်သွားတယ်၊၊ လွင့်ထွက်သွားတယ်) ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ The Handle (လက်ကိုင်) လို့အဓိပ္ပါယ်ရပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လက်ကိုင်ကနေလွင့်ထွက်သွားတာ ဖြစ်ပါတယ်။ ပုဆိန်အသွားဟာ လက်ကိုင်ကနေ လွင့်ထွက်သွားတယ်ဆိုရင်ဘယ်လောက်အန္တရာယ် ဖြစ်စေနိုင်သလဲဆိုတာ စဉ်းစားဘဲကြည့်နိုင်ပါတယ်။ ဒါကြောင့် အီဒီယံအသုံး အဓိပ္ပါယ်ကလည်း ကိုယ့်စိတ်ကိုယ် မထိန်းနိုင်အောင် ဒေါသထွက်ခဲ့တဲ့ အဖြစ်မျိုးကို ရည်ညွှန်းတာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ယမ်းပုံမီးကျတာ၊ စိတ်လိုက်မာန်ပါ လုပ်လိုက်တာ၊ ဒေါသအို ပေါက်ကွဲတာ၊ မြင်မြင်ရာကို ချဲဖို့ ဒေါသထွက်နေတဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John flew off the handle when he saw his teenage daughter smoking cigarettes with a group of boys.
John တယောက် ဆယ်ကျော်သက်ရွယ် သူ့သမီး ယောကျ်ားလေးတစုနဲ့ ဆေးလိပ်သောက်နေတာမြင်တော့ ယမ်းပုံမီးကျ ဒေါသမီးထွက်တော့တာပါဘဲ။

(၂) Fly by night

Fly (ပျံတာ)၊ by (မှာ)၊ Night (ည) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ညအချိန်မှာပျံသန်းတာ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ ညအချိန်ကျ တိတ်တစိတ် ခိုးထွက်တတ်တဲ့ အလေ့အကျင့်မျိုးက ဖြစ်တဲ့အတွက် အီဒီယံအဓိပ္ပါယ်က fly by night person ဆိုရင် စိတ်မချရတဲ့ လူမျိုး၊ အဖွဲ့အစည်းဆိုရင်လည်း စိတ်မချရတဲ့ အဖွဲ့အစည်းမျိုး၊ အခြေတကျ မရှိသေးတဲ့၊ အတည်တကျ မဖြစ်သေးတဲ့ အဖွဲ့အစည်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ ဈေးဆိုင်တဆိုင်ဆိုရင်လည်း စဖွင့်တဲ့ဆိုင်မျိုး၊ စီးပွားရေး အခြေမခိုင်သေးတဲ့ဆိုင်မျိုး၊ ကျမတို့ မြန်မာမှာတော့ နေ့မြင်ညပျောက်နိုင်မယ့် အနေအထားမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The plumber we hired to repair our pipes did a very bad job. I will never trust a fly by night worker again!
ကျနော်တို့ ရေပိုက်တွေပြင်ပေးဖို့ ငှားလိုက်တဲ့ ပိုက်ပြင်သမားက ညံ့လိုက်တာ။ နောက်များတော့ အဲဒီလို စိတ်မချရတဲ့ အလုပ်သမားမျိုးဘယ်တော့မှမငှားတော့ဘူး။

(၃) On the fly

On (အပေါ်မှာ)၊ the Fly (ပျံသန်းတာ) ဆိုတော့ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်က ပျံသန်းနေတုန်းအခါ၊ လေထဲမှာ ရှိနေချိန်အခါမျိုး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကို ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ ကြုံတော့မှ မီးစင်ကြည့်ကတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဥပမာ အားကစားပွဲမှာ ပွဲရပ်စရာမလိုဘဲ ကစားနေတုန်း ပွဲစည်းမျဉ်းတွေကို လိုရင်လိုသလို ပြောင်းနိုင်တာမျိုးကို ဆိုလိုပါတယ်။ တခါတရံလည်း တခုခုကြောင့် အလောသုံးဆယ် ဖြစ်နေလို့ ကြိုတင်မပြင်ဆင်နိုင်ဘဲ ဖြစ်လာတော့မှ ကြည့်လုပ်ရမယ့် အခြေအနေမျိုးကို On the fly လို့ ပြောနိုင်ပါတယ်။ တနည်းတော့အဆင်ပြေသလို၊ ဖြစ်သလို ကြည့်လုပ်လိုက်ရတဲ့သဘော ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I’ve invited my boss to dinner tomorrow. So, we have to prepare something special. We can't just cook something on the fly!
မနက်ဖြန် ကိုယ့်ဆရာသမားကို ညစာစားဖို့ ဖိတ်ထားတယ်။ ဒါကြောင့် အထူးစပယ်ရှယ် တခုခုတော့ ပြင်ထားဖို့လိုမယ်။ ကြုံသလိုတခုခုကို ချက်လို့မဖြစ်နိုင်ဘူး။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Fly ကိုအခြေခံတဲ့ အီဒီယံအသုံးအနှုန်းများမှာ Fly off the handle, Fly by night နဲ့ On the fly တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG