သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hard စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ခက်ခဲသော (hard) စကားလုံးအခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ hard time, hard feelings, hard to swallow နဲ့ hard of hearing တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ hard time ဖြစ်ပါတယ်။ စာလုံးပေါင်းက Hard က ခက်ခဲသော၊ မာကျောသော, Time က အချိန် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခက်ခဲသောအချိန် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီနေရာမှာ ဆင်တယ်လို့ ဆိုနိုင်ပါတယ်။ ဘဝမှာ အကြပ်အတည်းတွေ၊ ဆင်းရဲမှုတွေ၊ ဒုက္ခသုက္ခတွေ။ အထူးသဖြင့် ငွေရေးကြေးရေး ကြပ်တည်းမှုနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေကို hard time လို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီအသုံးကို hard times – “s” ထည့်ပြီးတော့လည်း သုံးလို့ရပါတယ်။

Hard time အသုံးနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My mother had a hard time bringing us up since my father died ten years ago.

ကျနော့်အမေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျနော့်အဖေ ဆုံးပြီးနောက်ပိုင်းမှာ ကျနော်တို့ကို လူလားမြောက်အောင် ကြည့်ရှုလာခဲ့ရတာ အတော်လေး ဒုက္ခရောက်ခဲ့တယ်။

Hard time နဲ့တွဲပြီး Give someone a hard time ဆိုတဲ့အသုံးကို ဆက်လက်တင်ပြလိုပါတယ်။ စာလုံးပေါင်းက Give က ပေးသည်, Someone က တဦးတယောက်ရဲ့ A က တခု၊ တခါ၊ Hard က ခက်ခဲသော၊ Time က အချိန် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ကို ခက်ခဲတဲ့အချိန် ပေးခြင်း ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးတယောက်ကို စိတ်သောကရောက်အောင်၊ စိတ်ဆင်းရဲအောင်၊ စိတ်မသက်မသာ ဖြစ်ရလေအောင်၊ စိတ်တိုအောင်၊ စိတ်အနှောက်အယှက်ဖြစ်အောင်၊ ဒုက္ခရောက်အောင် လုပ်တာကို ဆိုလိုပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My boss is giving me a hard time by asking me to do a lot of things in a short time.

ကျနော့်ဆရာသမားက ကျနော့်ကို စိတ်ညစ်ရအောင် လုပ်နေတယ်။ အချိန်တိုတိုအတွင်းမှာ ခိုင်းထားတာ၊ လုပ်စရာတွေကလည်း တပုံကြီးပဲ။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ hard feelings ဖြစ်ပါတယ်။ စာလုံးပေါင်းက Hard က ခက်ခဲသော၊ မာကျောသော, Feelings က ခံစားချက်တွေ ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခက်ခဲတဲ့ ခံစားချက်များ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က မတဲ့တာ၊ မကျေနပ်မှု ရှိတာ၊ လူတဦးနဲ့တဦးကြား စိတ်ခုတာ၊ မခေါ်မပြောတာ စသဖြင့်ကို ဆိုလိုတာဖြစ်ပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

There’re hard feelings between two families as their competition in doing business.

အဲဒီ မိသားစုနှစ်စုကြားမှာ စိတ်မသင့်မြတ်မှုတွေ ရှိနေတယ်။ စီးပွားရေးလုပ်ရာမှာ အပြိုင်အဆိုင် ရှိကြလို့ဖြစ်တယ်။

ကြုံကြိုက်တုန်း hard feelings စကားစုရှေ့မှာ No ကို ထားပြီးတော့ No hard feelings ဆိုတဲ့ အသုံးကိုလည်း တင်ပြပေးလိုပါတယ်။ ကျမတို့ မြန်မာမှာ no hard feelings ဆိုလို့ရှိရင် စိတ်မရှိပါနဲ့၊ စိတ်မဆိုးပါနဲ့ လို့ ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John and David argued yesterday, but there were no hard feelings between two. They are as friendly as ever.

John နဲ့ David တို့ မနေက စကားများကြတယ်။ ဒါပေမဲ သူတို့ နှစ်ဦးကြား စိတ်မဆိုးကြပါဘူး။ အခင်အမင်မပျက် ရှိကြပါတယ်။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ hard to swallow ဖြစ်ပါတယ်။ စာလုံးပေါင်းက Hard က ခက်ခဲသော၊ မာကျောသော။ Swallow က မျိုချသည် ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျိုချရခက်ခဲသည် ဖြစ်ပါတယ်။ ဒီနေရာမှာ သာမန်အားဖြင့် မျိုချရခက်ခဲတာ အစားအစာ ဖြစ်ပေမယ့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးအနေနဲ့ လက်ခံဖို့ ခက်ခဲတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s hard to swallow that women do not get equal pay with men for equal work.

အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြား အလုပ်ချင်းအတူတူ လုပ်ကြပေမယ့် လစာကြတော့ အတူတူမရကြတာ လက်ခံရ ခက်လှပါတယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ hard of hearing ဖြစ်ပါတယ်။ စာလုံးပေါင်းက Hard က ခက်ခဲသော၊ Hearing က နားကြားရတာ ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နားကြားရခက်ခဲတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ နားကောင်းကောင်း မကြားရတာ၊ နားနည်းနည်း လေးနေတာကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My grandmother is hard of hearing. So, I have to shout to make her understand what I want to say.

ကျနော့်အဖွားက သိပ်နားမကြားဘူး။ နားနည်းနည်း လေးနေတယ်။ ဒါကြောင့် ကျနော် ပြောချင်တာကို သူနားလည်းရအောင် အော်ပြီးတော့ ပြောရတယ်။
XS
SM
MD
LG