သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lion & Tiger ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းတွေက Lion's share နဲ့ Have a Tiger by the Tail တို့ ဖြစ်ကြပါတယ်။

တောရိုင်းတိရစ္ဆာန်တို့ရဲ့ ဘုရင်တဆူုလို့ ခလေးတွေ နှစ်သက်တဲ့ ရွှေသွေးပုံပြင်တွေထဲမှာ တင်စား ပြောဆိုထားတဲ့ ကေသရာဇာခြင်္သေ့ (lion) ကို အခြေခံတဲ့ Lion's Share ဆိုတဲ့ အီဒီယံအသုံးကို ပထမဦးဆုံး တင်ပြပေးပါမယ်။

Lion’s Share

Lion's (ခြင်္သေ့ရဲ့)၊ Share (ဝေပုံစု) ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခြသေ့ၤရဲံ့ ဝေပုံစု ဖြစ်ပါတယ်။
သမိုင်းကြောင်း နောက်ခံကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာ လောက်က ရှေးဟောင်း ဂရိ (Greek) ပုံပြင် ပြောပြသူ တဦးက စခဲ့တယ်လို့ ယူဆကြပါတယ်။ ခြင်္သေ့အနေနဲ့ အစားရှာဖွေဖို့ တခြားတောရိုင်း တိရစ္ဆာန် အုပ်စုထဲမှာ ပါဝင်ခဲ့ပါတယ်။ တချိန်မှာ သမင်တကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီးနောက် ခြင်္သေ့က သူ့ဝေစုအဖြစ်သမင် တကောင်လုံးကို တောင်းတော့တယ်။ ဟိတ်ဟန်ရှိတဲ့ ခြင်္သေ့က ဒီလိုဟိန်းဟောက်ခြိမ်းခြောက် တောင်းဆိုတာကို တခြား တိရစ္ဆာန်တွေက ကန့်ကွက် ပြောဆိုခြင်း မရှိတာကြောင့် လောဘရမက်ကြီးတဲ့ ခြင်္သေ့က သမင် တကောင်လုံးကို ရသွားခဲ့ပါတယ်။ ဒီပုံပြင်ကို အခြေခံပြီး Lion's Share အီဒီယံအသုံးက ဝေစုခွဲရာမှာ မတရားတာမှန်ပေမယ့် ကိုယ့်အဖို့ အများဆုံးကျန်အောင် ဝေပုံကျကို ခွဲယူခြင်းကိုဆိုတာ ဖြစ်ပါတယ်။

အဖိုးကြီးတဦးက သူမသေခင်လေးမှာ ဘာမှမဟုတ်တဲ့ကိစ္စကြောင့် သူ့သားသမီးတွေနဲ့ စကားများပြီး အမွေစာချုပ်မှာ အပြောင်းအလဲ လုပ်လိုက်တဲ့အကြောင်း အောက်ပါါဥပမာကိုလေ့လာကြည့်ရအောင်ပါ။

The angry old man changed his will, and his family was shocked to discover he had left the lion's share of all his money to a distant cousin most of them have never even heard of.

အဖိုးကြီးလည်း ဒေါကန်ပြီး သူ့ အမွေစာချုပ်ကို ပြောင်းလဲပစ်ခဲ့တယ်။ ဒါကြောင့်လည်း သူ့ကျန်ရစ်သူ မိသားစုက သူတို့ တခါမှ မကြားဘူး၊ မသိတဲ့ ဆွေမျိုး နီးစပ်သူတဦးကို အမွေဝေပုံကျ အများစု ပေးခဲ့တယ်လို့ သိကြတဲ့အခါမှာတော့ အားလုံး ဒေါသထွက် တအံ့တသြ ဖြစ်ခဲ့ကြတယ်လို့အဓိပ္ပါယ်ရပါတယ်။

ဒုတိယ အသုံးအနှုန်းက ကျားတိရစ္ဆာန်ကိုအခြေခံတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

Have a Tiger by the Tail

Have (ရှိတာ)၊ Tiger (ကျား)၊ Tail (အမြီး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကျားတကောင်ကို အမြီးကနေကိုင်ပါြဖြစ်ပါတယ်။ ကျမတို့ မြန်မာစကား အသုံးအနှုန်းမှာလည်း ကျားမြီး ဆွဲရသလိုပဲ ဆိုတဲ့စကား ရှိပါတယ်။ ကျားမြီးဆွဲတဲ့အခါ သိပ်ပြီး အားကောင်းဖို့ လိုသလို၊ သိပ်ပြီးတော့လည်း ကြောက်ဖို့လည်း ကောင်းတဲ့အတိုင်း အီဒီယံ အဓိပ္ပါယ်ကတော့ မနိုင်တဲ့ ဇာတ်ကို က ရတဲ့သဘော၊ ကိုယ် မကျွမ်းကျင် အန္တရာယ်ရှိတဲ့ အလုပ်တခုခုနဲ့ သွားပတ်သက်မိရင် ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ သဘော ဖြစ်ပါတယ်။

လူတယောက် တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲခဲ့တာကို Have a Tiger by the Tail အီဒီယံံအသုံး နှင့်အောက်ဖေါ်ပြပါ ဥပမာကိုလေ့လာကြည့်ကြရအောင်ပါ။

Once you start using heroin, you have a tiger by the tail. If you get hooked, you'll need more. It'll cause you more money and you might have to steal to support the habit.

ဘိန်းဖြူစပြီးသုံးစွဲမိရင် ခင်ဗျားအနေနဲ့ ကျားမြီး သွားဆွဲမိတာနဲ့အတူတူပဲ။ ဆေးစွဲသွားရင် ဆေးကိုသုံးချင်စိတ် ပိုဖြစ်လာသလို ငွေကြေး လည်းပိုအကုန်အကျများ လာမယ်။ ပြီးတော့ ဆေးစွဲတာကိုမဖျောက်နိုင်လို့်ထောက်နိုင်ဖို့ခိုးတဲ့အကျင့်လည်းဖြစ်လာလိမ့်မယ်လို့အဓိပ္ပါယ်ရပါတယ်။

ဒီသတင်းပတ်တင်ပြခဲ့တဲ့တိရစ္ဆာန် နှစ်မျိုး ကိုအခြေခံတဲ့ idiom အသုံးတွေက Lion's Share နဲ့ Have a Tiger by the Tail တို့ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG