သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Gun စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ သေနတ် (Gun) ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းတွေဖြစ်တဲ့ Jump the gun, Smoking gun နဲ့ Stick to your guns တို့ကို တင်ပြပေးထားပါတယ်။

Jump the Gun

Jump (ခုန်ထွက်တာ)၊ the Gun (သေနတ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သေနတ်ခုန်ထွက်တာပေါ့။ ဒီအသုံးဆင်းသက်လာတာက အားကစားလောက က ဖြစ်ပါတယ်။ အပြေးပြိုင်ပွဲတွေရဲ့ တာအထွက်မှာ ယှဉ်ပြိုင်ကြသူတွေအနေနှင့် ဒိုင်ကနေ သေနတ်မိုးပေါ် ထောင်အပစ် သေနတ်ဖေါက်သံကြားမှ စပြေးရတယ်ဆိုတာ သော်တရှင်များအသိပါ။ စိတ်စောလို့ ဒိုင်ကနေ သေနတ်မိုးပေါ် ထောင်မပစ်မီ၊ တာထွက်မိသူဆိုရင်တော့ သတိပေးခံရတာ၊ ပြိုင်ပွဲကနေအထုတ်ခံရတာမျိုး ဖြစ်တတ်ပါတယ်။

Idiom ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကာယကံရှင်ကိုယ်တိုင် မပြောရသေးဘဲ၊ကြားကလူက ကြိုဖေါက်သယ်ချတဲ့သဘောမျိုး ဖြစ်ပါတယ်။ အရေးကြီးတဲ့သတင်းဖြစ်မယ်ဆိုရင် ပြောဖို့အချိန်မတန်သေးဘဲ ကြိုပြောလိုက်ရင်၊ အထူးသဖြင့် နိုင်ငံရေး၊ စီးပွါးရေး စသဖြင့်မှာ ကာယကံရှင်ကို ထိခိုက်နိုင်တာမို့ နှှုတ်စောင့်စည်းနိုင်ဖို့၊ ကာယကံရှင်ကို လေးစားဖို့က အရေးကြီးလှပါတယ်။ ပြောသင့်မပြောသင့်ဆိုတာ ချင့်ချိန်ရမှာ ဖြစ်ပါတယ်။ ဒီအသုံးဟာ အပြောမှာသာမဟုတ်ပါဘူး။ အချိန်မတန်သေးဘဲ ကြိုလုပ်မိတာတွေ၊ အချိန်မစောင့်ဘဲ ကြိုလုပ်မိလို့ ကသိကအောက် ဖြစ်ရတာမျိုးတွေကြုံရနိုင်ပါတယ်။

ဥပမာ

The foreign minister jumped the gun by announcing the President will not seek a second term.

ဝန်ကြီးက သမ္မတအနေနှင့် သမ္မတ ဒုတိယသက်တမ်း ထမ်းဆောင်ဖို့ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ ကာယကံရှင်အပြော မစောင့်ဘဲ ကြိုပြောလိုက်တယ်။

Smoking Gun

Smoking က ဒီနေရာမှာ (မီးခိုး) လို့ အဓိပ္ပါယ်ရတဲ့ Smoke က ဆင်းသက်လာပြီး၊ သေနတ်လို့ို့်အဓိပ္ပါယ်ရ တဲ့ Gun ဖြစ်တဲ့ နာမ် (noun) ကိုအထူးပြုတဲ့ adjective (နာမဝိသေသန) ဖြစ်ပါတယ်။ Smoking က မီးခိုးထွက်နေတာဆိုတော့ စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်က မီးခိုးထွက်နေတဲ့သေနတ် ဖြစ်ပါတယ်။ လူတဦးလက်ထဲ မီးခိုးထွက်နေတဲ့ သေနတ်နှင့်လက်ပူးလက်ကြပ် မိတယ်ဆိုရင် သေနတ်ပစ်တဲ့လူဟာ အဲဒီလူဖြစ်တယ်ဆိုတာ သက်သေအထောက်အထား ခိုင်လုံတယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့့််ဒီအသုံးရဲ့ idiom အဓိပ္ပါယ်က လူတဦးအပြစ် ရှိတယ်ဆိုတာကို ပြသတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ

The bank statements proved to be a smoking gun for the financial crime.

ဘဏ်စာရင်းတွေကို ကြည့်ခြင်းအားဖြင့် ငွေရေးကြေးရေးမသမာမှှုရှိတယ်ဆိုတာ သက်သေအထောက်အထားခိုင်လုံနေတယ်။

Stick to your guns

Stick to (ကပ်တာ၊ ကိုယ်နှင့်မကွာထားတာ)၊ Your (သင့်ရဲ့) Guns (သေနတ်တွေ) ဆိုတော့ စကာစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သေနတ်တွေကို ကိုယ်နှင့်မကွာထားတာ၊ ကိုယ့်လက်ကနေ မချတာပေါ့။ ဒီအသုံးဆင်းသက်လာတာက စစ်သားတဦးအနေနှင့် တိုက်ပွဲမှာအရှုုံး နှင့် ရင်ဆိုင်နေတယ်ဆိုတာကို သိနေပေမဲ့ သေနတ်ကိုလက်ကနေ မချဘဲ ဆက်ပစ်နေတာကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်ဒီအသုံးရဲ့ idiom အဓိပ္ပါယ်က နေ့စဉ်ဘဝမှာကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်ကို ဘယ်သူတွေ၊ ဘာပြောပြော ဆက်လက်စွဲကိုင်ထားတာကို ဆိုလိုပါတယ်။

ဥပမာ

My parents wanted me to become a doctor. But I stuck to my guns and applied for engineering school.

ကျနော့် မိဘတွေက ကျနော့်ကို ဆရာဝန် ဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ ကျနော်က ကျနော် ဖြစ်ချင်တာကို အလျှော့မပေးဘဲ အင်ဂျင်နီယာကျောင်းတက်ဖို့လျှောက်လိုက်တယ်။

အခုတပတ် English-American Style အမေရိကန်သုံး အင်္ဂလိပ်စာ အစီအစဉ်မှာ တင်ပြခဲ့တဲ့ အီဒီယံအသုံးအနှုန်းတွေက Jump the gun, Smoking gun နှင့် Stick to your guns တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG