သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hand စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


A girl laughs as she sits among hand fans during a mass performance at a children's martial arts fair in Foshan, Guangdong province, May 31, 2013.
A girl laughs as she sits among hand fans during a mass performance at a children's martial arts fair in Foshan, Guangdong province, May 31, 2013.
ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ လက် (Hand) စကားလုံးဝေါဟာရကို အခြေခံတဲ့ play into someone’s hands, sit on your hands, hands are tied, wait on hand and foot နဲ့ wash my hand of တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ play into someone’s hands ဖြစ်ပါတယ်။ Play က သာမန်အားဖြင့် ကစားသည်၊ တူရီယာဆိုရင် တီးမှုတ်တယ် စသဖြင့် အဓိပ္ပါယ်ရှိပေမယ့် ဒီနေရာမှာ Into က အတွင်းသို့ (ဝိဘတ် - preposition) နဲ့ တွဲသုံးထားတာမို့ play into က ရှောရှောရှူရှူ ဝင်သည် ဖြစ်ပါတယ်။ Someone’s က တဦးတယောက်၏၊ Hands က လက်များတို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က လူတဦးတယောက်၏ လက်ထဲကို ရှောရှောရှူရှူ ဝင်လာတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီနေရာမှာ ရှင်းပါတယ်။ ကျမတို့ မြန်မာမှာတော့ လူတဦးထောင်ထားတဲ့ အကွက်ထဲကို ဝင်မိတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe played into the hands of the guy who disliked him. He made Joe so angry that Joe hit him. Now, Joe is under arrest.

Joe တယောက် သူကိုကြည့်မရတဲ့လူ ဆင်ထားတဲ့အကွက်ထဲကို ဝင်သွားခဲ့တယ်။ အဲဒီလူက Joe ကို သိပ်ဒေါသထွက်အောင်လုပ်လို့ Joe က သူကို ထိုးမိတော့တယ်။ အခုတော့ Joe တယောက် အဖမ်းခံရတယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sit on your hands ဖြစ်ပါတယ်။ Sit က ထိုင်သည်၊ On က အပေါ်မှာ, Your က သင်၏၊ Hands က လက်များ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင်၏ လက်တွေပေါ်မှာ ထိုင်သည် ဖြစ်ပါတယ်။ လူတွေအနေနဲ့ လက်တွေနဲ့ အလုပ်လုပ်ကြရတယ်ဆိုတာ အားလုံးအသိပါ။ ဒါကြောင့်မို့ ကိုယ့်လက်ပေါ် ကိုယ်တက်ထိုင်နေတယ်ဆိုရင် ဘယ်လို သဘောလဲဆိုတာ သောတရှင်များ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဘာမှလုပ်လို့ မရဘူး။ ဘာမှ လုပ်မပေးနိုင်ဘူး ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံ အဓိပ္ပါယ်က လုပ်စရာရှိတာ၊ ဖြေရှင်းစရာ ရှိတာကို ဘာမှအရေးမယူ၊ ဘာမှ မလုပ်ပေးတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် ဘာအလုပ်မှ မပြီးသေးဘူး၊ ဘာမှ ရှေ့မရွေ့သေးဘူးဆိုရင် အီဒီယံအသုံးအရ sit on your hands လို့ သုံးစွဲပြောဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Land grabbing is now a serious problem in Burma. The government cannot sit on its hands and do nothing.

အခု မြန်မာနိုင်ငံမှာ မြေယာသိမ်းတာဟာ သိပ်ကို စိုးရိမ်ရတဲ့ ပြဿနာကြီးတခု ဖြစ်နေပြီ။ အစိုးရအနေနဲ့ ဘာမှမလုပ်ဘဲ နေလို့မရနိုင်တော့ဘူး။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ hands are tied ဖြစ်ပါတယ်။ Hands က လက်များ, Tied က ချည်နှောင်သည်၊ တုပ်နှောင်သည် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လက်တွေကို ချည်နှောင်တုပ်ထားသည် ဖြစ်ပါတယ်။ လက်တွေ ကြိုးတုပ်ခံထားရရင် လူတဦးအနေနဲ့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်က ရှင်းတယ်လို့ ဆိုနိုင်ပါတယ်။ တခုခုနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပေးနိုင်တာ၊ ဘာမှ လုပ်ပေးနိုင်စွမ်း မရှိတာ၊ အခြေအနေအရ အကြောင်းကြောင်းကြောင့် မလှုပ်သာမရှားသာ ဖြစ်နေရတဲ့ အခြေအနေကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My hands are tied as I am about to retire. Sorry I can’t help you with your promotion.

ကျနော်က အလုပ်ကနေ အနားယူတော့မှာ ဖြစ်တာကြောင့် ဘာမှ မလုပ်ပေးနိုင်တော့ဘူး။ ဝမ်းနည်းပါတယ် ခင်များ ရာထူးတက်ဖို့ ကျနော် ဘယ်လိုမှ ကူညီနိုင်မှ မဟုတ်တော့ဘူး။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ wait on hand and foot ဖြစ်ပါတယ်။ Wait က သာမန်အားဖြင့် စောင့်သည်လို့ အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ On (ဝိဘတ် - preposition) နဲ့တွဲပြီး wait on က ခိုင်းတာကို လုပ်ပေးတာ ဖြစ်ပါတယ်။ Hand က လက်၊ And က နှင့်, Foot က ခြေထောက် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခိုင်းတာကို ခြေနဲ့လက်နဲ့ လုပ်ပေးတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ကျမတို့ မြန်မာစကားအရ ပြောရရင်တော့ ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးကိုင်ပေးတာ၊ လိုလေသေးမရှိ ကိုယ်ဖိရင်ဖိ လုပ်ပေးတာ၊ ကျိုးကျိုးနွံ့နွံ့နဲ့ ပြုစုတာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John finally married his girlfriend as I think he wants someone to wait on him hand and foot.

John တယောက် နောက်ဆုံးတော့ သူ့ရည်းစားကို လက်ထပ်လိုက်တယ်။ ကျနော်ထင်ပါတယ် သူက သူကို လိုလေသေးမရှိ ပြုစုမယ့် လူတဦး လိုချင်နေတာ ဖြစ်တယ်။

အခုနောက်ဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ wash my hands of ဖြစ်ပါတယ်။ Wash က ဆေးကြောသည်၊ My က ကျွန်ပ်၏၊ Hands က လက်များ၊ Of က တခုခု၏ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကျွန်ပ်လက်ကနေ ဆေးကြောလိုက်သည် ဖြစ်ပါတယ်။ ဒီနေရာမှာ something တခု လို့ အဓိပ္ပါယ်ရတဲ့ စကားလုံး၊ ဒါမှမဟုတ် someone တဦးတယောက် လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးနဲ့တွဲပြီး wash my hands of someone, သို့မဟုတ် wash my hands of something လို့လည်း တွဲသုံးလို့ ရပါတယ်။ Wash my hands of someone ဆိုရင် ဒီလူနဲ့ ဘာမှ မပတ်သက်တာ၊ ဒီလူနဲ့ အဆက်ဖြတ်တာကို ။ wash my hands of something ဆိုရင် တခုခုနဲ့ ပတ်သက်ပြီး စိတ်ကုန်လို့ အပြီးအပိုင် ရပ်ပစ်တာမျိုး၊ ဆက်မလုပ်တော့တာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

My aunt washed her hands of her son. He gave her so much trouble that she decided to disown him.

ကျနော့်အဒေါ်က သူ့သားနဲ့ လုံးဝအဆက်ဖြတ်လိုက်ပြီ။ သူကို သိပ်ဒုက္ခပေးတော့ အမွေဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
XS
SM
MD
LG