သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

House စကားလုံး အီဒီယံ အသုံးအနှုန်းများ


US State Capitol
US State Capitol
ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အိမ် (house) လို့ အဓိပ္ပါယ်ရတဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Put your house in order နဲ့ To clean house တို့ကို တင်ပြထားပါတယ်။
Put your house in order
Put (ပြုလုပ်သည်) Your (သင့်) House (အိမ်) In order (စနစ်တကျရှိစေသည်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင်ရဲ့ အိမ်ကို စနစ်တကျ သန့်သန့်ပြန့်ပြန့်ထားပါ ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းကို အခြေအနေ နှစ်ရပ်နဲ့ပတ်သက်ပြီး အသုံးပြုနိုင်ပါတယ်။ ပထမအသုံးကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ရှင်းအောင်လုပ်ထားတယ်လို့ အဓိပ္ပာယ်ရပါတယ်။
ဥပမာ
Before he died, Uncle Bob put his house in order. He paid all his debts and left his insurance policies, his will and other important papers in a big envelope on his wife's desk.
ဦးလေး Bob က သူမဆုံးခင် သူ့ကိစ္စတွေကို နောင်ရေးစိတ်အေးရလေအောင် စနစ်တကျစီစဉ်ထားခဲ့ပါတယ်။ သူ့အကြွေးတွေကို အားလုံးပေးဆပ်ခဲ့တယ်၊ အာမခံပေါ်လစီတွေလည်း ထားခဲ့တယ်။ အမွေစာချုပ်လည်း ထားခဲ့ပါတယ်။ တခြားအရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုလည်း အိတ်ကြီးတအိတ်ထဲမှာ ထည့်ပြီး သူ့ဇနီးရဲ့ စားပွဲပေါ်မှာ တင်ထားခဲ့တယ်။
Put your house in order အသုံးရဲ့ နောက် အဓိပ္ပါယ်တမျိုးကတော့ စီးပွားရေးလုပ်ငန်း (သို့) အဖွဲ့အစည်းတခုအတွင်း (သို့) နိုင်ငံအတွင်းမှာ ကမောက်ကမဖြစ်နေတာတွေကို စနစ်တကျပြန်ဖြစ်အောင် ပြုလုပ်တယ်လို့လဲဆိုလိုပါတယ်။
ကုမ္မဏီဌာနချုပ်အလုပ်ပိုင်ရှင်ကြီး လာမှာမို့ Chicago မြို့ ရုံးခွဲက မန်နေဂျာ အလုပ်ရှုပ်နေတဲ့ ဥပမာကိုကြည့်ပါ။
We have to put the house in order in two days. I want desks clean, the whole place looking good, and we need our account balance up-to-date by five o'clock tomorrow afternoon.
ကျနော်တို့ရဲ့ ရုံးမှာ နှစ်ရက်အတွင်း အားလုံးစနစ်တကျဖြစ်အောင် လုပ်ကြရမယ်။ စားပွဲတွေကို ရှင်းထား၊ နေရာတခုလုံး ကြည့်ကောင်းအောင် လုပ်ထားကြ။ ဒါ့အပြင် နောက်ဆုံးရငွေစာရင်းရှင်းတမ်းတွေကိုလည်း မနက်ဖြန် ညနေ (၅) နာရီမှာ အားလုံးအဆင်သင့် ပြင်ထားရမယ်။
ဒီ to put the house in order အသုံးအနူန်းကို နိုင်ငံရေးမှာလည်း သုံးစွဲနိုင်ပါတယ်။ ကိုယ်နိုင်ငံအတွင်း ကမောက်ကမ မဖြစ်ရလေအောင် အခြေအနေတွေ စနစ်တကျဖြစ်အောင်ဆောင်ရွက်ရလိမ့်မယ်လို့ ဒီအသုံးကို ရည်ညွှန်းသုံးလို့ ရပါတယ်။
To clean house
To clean (ရှင်းလင်းသည်) House (အိမ်) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ အိမ်ကိုရှင်းလင်းခြင်း ဖြစ်ပါတယ်။ တံမြက်လှည်း၊ ကြမ်းတိုက်၊ ဖုန်သုတ်ခြင်းတို့က တိုက်ရိုက်အဓိပ္ပါယ်ဖြစ်ပြီး၊ အီဒီယံအသုံးအနူန်း သွယ်ဝိုက်အဓိပ္ပါယ် ဖွင့်ဆိုချက်မှာတော့ အပြောင်းအလဲကိုဖော်ဆောင်ရာမှာ အောက်ခြေသိမ်းကအစ ရှင်းလင်းဖယ်ရှားခြင်းကို ဆိုလိုပါတယ်။
အထူးသဖြင့် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ မသမာမှု၊ မျက်နှာသာပေးမှု စသဖြင့် ရှိနေတဲ့ အစိုးရရဲ့ စနစ်တရပ်မှာ ဒီမသမာမှုတွေကင်းရှင်းအောင် ပြောင်းလဲ၊ အလုပ်ဖြုတ်၊ ပင်စင်ပေးပြီး လူတော်လူကောင်း၊ အလုပ်လုပ်တဲ့လူ၊ အလုပ်ကိုနားလည်တဲ့ လူတွေနဲ့ အစားထိုးလို့ရှိရင် လုပ်ငန်းဟာ ပိုမိုထိရောက် တွင်ကျယ်မှာမို့ အဲဒီလို အောက်ခြေသိမ်း ပြောင်းလဲပြုလုပ်တာကို To Clean House လို့ ရည်ညွှန်းသုံးစွဲနိုင်ပါတယ်။
ပထမ ဥပမာကတော့ နိုင်ငံရေး မဲဆွယ်လှုပ်ရှားမှုတခုအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်က ခြစားမှုတွေကိုထောက်ပြပြီးမဲဆွယ်နေတာပါ။
Folks, send me to Congress, and I promise the first thing I will do is clean house. I will get rid of all those bureaucrats who sit around all day doing nothing but wait for quitting time.
မိတ်ဆွေတို့ရေ ကျနော့်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကြပါ။ ကျနော်ကို ရွေးခဲ့လို့ရှိရင် ပထမဦးဆုံးလုပ်မယ်လို့ ကတိပေးနိုင်တာကတော့ မသမာမှုတွေကို ရှင်းပေးမယ်။ တနေ့လုံး အလုပ်မှာထိုင်ပြီး ဘာမှ အလုပ်မလုပ်ဘဲ အလုပ်ဆင်းချိန်ကိုဘဲ စောင့်နေတဲ့ ဗျူရိုကရက်အာလုံးကို ကျနော်ရှင်းပစ်မယ်။
ဒုတိယ ဥပမာကတော့ မြို့ကြီးတမြို့ရဲ့ မြို့တော်ဝန်က သူ့လက်အောက်အမှုထမ်းတွေ ပြည်သူဘဏ္ဍာ နဲ့ ပစ္စည်းတွေကို ခိုးတဲ့အကြောင်း ကြားသိရလို့ စိတ်ဆိုးဆိုးနဲ့ ပြောတဲ့အကြောင်း ဖြစ်ပါတယ်။
I want our citizens to know I'll never tolerate corruption. I am going to clean house and fire everybody who was involved and will do our best to send the worst offenders off to jail.
မြို့နေလူထုသိအောင် ပြောပါရစေ။ အဂတိလိုက်စားမှုကို ကျနော်လုံးဝ သည်းခံမှာ မဟုတ်ဘူး။ ကျနော် ဒါတွေ အားလုံးကို ရှင်းပစ်မယ်။ ခြစားမှုတွေမှာ ပါဝင်ပတ်သက်နေသူတိုင်းကို အလုပ်ဖြုတ်ပစ်မယ်။ အဆိုးဆုံး ကျူးလွန်ခဲ့သူတွေကို ထောင်ချနိုင်အောင်လည်း ကျနော်တို့ အတတ်နိုင်ဆုံး လုပ်မယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးအနှုန်းတွေက Put your house in order နဲ့ To clean house တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG