သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rat စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ rat (ကြွက်) ဝေါဟာရ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Smell a rat, Rat on နဲ့ Rat race တို့ကို တင်ပြထားပါတယ်။

Smell a rat

Smell (အနံ့ရသည်)၊ A (တခု၊ တကောင်)၊ Rat (ကြွက်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကြွက်အနံ့ရသည် ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတဲ့ နောက်ကြောင်းကတော့ ကြွက်ပုတ်အနံ့ကလို့ ဆိုပါတယ်။ ကြွက်ပုတ်ဟာ သိပ်နံ့ပြီး သိပ်ကိုခံရအတွက်ကြောင့်လည်း ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယက်တော့ ဘာရယ်ညာရယ်လို့ အသေအချာမသိဘဲနဲ့ အသိစိတ်ကနေတခုခု၊ မင်္သကာစရာ၊ မူမမှန်တာ၊ မနှစ်မြိုစရာ ရှိနေတယ်ဆိုတာကို ခံစားရတာကို I smell a rat လို့ ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

ဥပမာ

When her husband started getting back home late from work, Mary smelled a rat.

သူ့အမျိုးသားက အခုတလော အလုပ်ကနေ အိမ်ပြန်တာ နောက်ကျနေတော့ Mary လည်း မင်္သကာတဲ့စိတ်တွေ ဖြစ်လာတယ်။

Rat on

Rat (ကြွက်) ဖြစ်ပြီး ဒီနေရာမှာတော့ ကြိယာ verb အဖြစ် အသုံးပြုထားတာ ဖြစ်ပါတယ်။ ကြွက်လို့ အဓိပ္ပါယ်ရတဲ့ Rat ဝေါဟာရက တိရစ္ဆာန်ကိုသာ ရည်ညွှန်းတာ မဟုတ်ပါဘူး။ လူတဦးအနေနဲ့ စိတ်ထားမကောင်းဘူး၊ မယုံရဘူးဆိုရင်လည်း အဲဒီလူမျိုးကို Rat ရယ်လို့ ရည်ညွှန်းတင်စား ပြောနိုင်ပါတယ်။ Rat ကို On (အပေါ်မှာ) အဓိပ္ပါယ်ရတဲ့ ဝိဘတ်နဲ့ တွဲသုံးပြီး rat on ကတော့ လူတဦးအနေနဲ့ နောက်လူတယောက်အကြောင်းကို တိုင်တောတာ၊ သတင်းပေးတာ၊ သစ္စာဖောက်တာ စသဖြင့်ကို ဆိုလိုပါတယ်။

ဥပမာ

John ratted on his boss to the police, so his boss got arrested.

John က သူ့ဆရာသမားအကြောင်းကို ရဲကို သွားတိုင်တယ်။ အဲဒီတော့ သူ့ဆရာသမားလည်း အဖမ်းခံရတော့တယ်။

Rat race

Rat (ကြွက်) Race (ပြိုင်ပွဲ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကြွက်ပြိုင်ပွဲ ဖြစ်ပါတယ်။ ကြွက်နှစ်ကောင်အနေနဲ့ သူတို့နှစ်သက်တဲ့ cheese နို့ခဲကိုမြင်တော့ တကောင်ထက်တကောင် သူ့ထက်အရင်ရအောင် အပြိုင်အဆိုင်ပြေးကြရကာနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ နေ့စဉ်ဘဝမှာလည်း ဒီအတိုင်းပါပဲ။ လူတွေအနေနဲ့ ကိုယ့်ဘဝရှင်သန်နိုင်ရေးအတွက် ဓနအင်အား၊ ပစ္စည်းဥစ္စာ၊ ရာထူးရဖို့အတွက် မနားမနေ ပင်ပင်ပန်းပန်း ကြိုးစားနေတဲ့ဘဝမျိုးကို rat race ရယ်လို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ အလုပ်နဲ့လက်နဲ့ မပြတ်တာ၊ နားချိန်မရတာ၊ သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ကြရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဂုဏ်၊ ရာထူး၊ ဓန ရဖို့အတွက် လူငယ်တွေအနေနဲ့ အသက်ထွက်လု့မတက် လုပ်ကြရတဲ့ဘဝမျိုးကို rat race ရယ်လို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ တခါတလေကြတော့လဲ ဒီ stress ဆိုတဲ့ စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်ကြတော့ ဒီ rat race နေထိုင်မှုဘဝမျိုးကိုစွန့်ပြီး အေးအေးဆေးဆေးပဲ နေလိုကြတဲ့ လူတွေလည်း ရှိပါတယ်။ ဘဝမှာ ငွေကြေးမပြည့်စုံပေမယ်လို့ တင်တိမ်မှုရှိတဲ့ ဘဝမျိုးကို လိုလားတာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာတော့ ဒီလို အပြိုင်အဆိုင် အလုပ်လုပ်ကြပြီးတော့ ငွေရှာကြ၊ ရာထူးရဖို့ ကြိုးစားကြတာတွေက အများကြီးရှိပါတယ်။

ဥပမာ

I’m getting tired of this rat race, working in the big city as a lawyer. I’m going to quit my job and go live in a small town.

ကျနော်တော့ ဒီမြို့ကြီးမှာ ရှေ့နေလိုက်ပြီး မနားမနေ အသက်ထွက်အောင် လုပ်ရတဲ့ဘဝမျိုးကိုတော့ မလိုချင်တော့ဘူး။ ကျနော် အလုပ်ထွက်ပြီး မြို့ကလေးတမြို့မှာပဲ အေးအေးဆေးဆေး သွားနေတော့မယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Idioms အသုံးအနှုန်းတွေက Smell a rat, Rat on နဲ့ Rat race တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG