သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Soft စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ Soft (ပျော့တယ်) စကားလုံး အခြေခံတဲ့ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Soft Spot, Soft Money နဲ့ Soft Sell တို့ကို တင်ပြထားပါတယ်။

(၁) Soft Spot
Soft (ပျော့တာ)၊Spot (နေရာ၊အကွက်) တို့ရဲ့စကားစုတခုလုံးတိုက်ရိုက်အဓိပ္ပါယ်ကတော့ ပျော့တဲ့နေရာ၊ ပျော့တဲ့အကွက် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကိုယ့်ရင်ထဲမှာ ပျော့ကွက်လို့ိုရမဲ့ တခုခု၊ တဦးဦးအပေါ် နှစ်သက်ကြင်နာတာကို ဆိုလိုပါတယ်။ မြန်မာဘန်းစကားအရဆိုရင်တော့ လူဆိုရင်ကျတာမျိုး၊ အသဲခိုက်တာမျိုးလို့ ဆိုနိုင်ပါတယ်။ ဥပမာ သူကတော့ ငယ်ငယ်ချောချောလေးဆိုရင် ကျတာပဲဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ soft spot ဟာ လူတွေနှ့င့်သာ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေကို ချစ်တာ၊ ပစ္စည်းတခုခုကိုမြင်ရင် မျက်စိကျ၊ သဘောကျတာမျိုးမှာလည်း ရည်ညွှန်းသုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary has a soft spot for babies. No wonder she works at a day-care center!
Mary က ကလေးပေါက်စလေးတွေကိုချစ်တတ်တယ်။ ဒ့ါကြောင့် သူနေ့ကလေးထိန်းကျောင်းမှာ အလုပ်လုပ်နေတာလည်း မဆန်းပါဘူး။

(၂) Soft Money
Soft (ပျော့တာ)၊ Money (ငွေ) ဆိုတော့ စကားစုတခုရဲ့တိုက်ရိုက်အဓိပ္ပါယ်က ပျော့တဲ့ငွေ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ လွယ်လွယ်နဲ့ရတဲ့ငွေကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူဌေးသားသမီးတွေဆိုရင် မိဘက မုန့်ဖိုးမှန်မှန်ပေးနေတော့ ပင်ပင်ပန်းပန်း ရှာဖို့မလိုဘဲ ရတဲ့ငွေမျိုးကို ဆိုလိုပါတယ်။ လွယ်လွယ်ပြောရရင်တော့ Easy money ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Soft money spoils my friend, John. His parents are rich so he spends money like water.
လွယ်လွယ်နဲ့ရတဲ့ငွေကြောင့် ကျနော့်သူငယ်ချင်း John လည်း ပျက်စီးတော့တယ်။ သူ့မိဘတွေက ချမ်းသာတော့ သူက ငွေကို ရေလိုသုံးတယ်။

(၃) Soft Sell
Soft (ပျော့တာ)၊ Sell (ရောင်းတာ) ဆိုတော့ စကားစုတခုရဲ့တိုက်ရိုက်အဓိပ္ပါယ်က ပျော့ပျော့ရောင်းတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ တခုခုကိုရောင်းဖို့ ကြော်ငြာရာမှာဖြစ်ဖြစ်၊ ရောင်းဖို့ကြိုးစားရာမှာဖြစ်ဖြစ် တိုက်ရိုက်မပြောဘဲ မသိမသာနဲ့ ကိုယ်ရောင်းချင်တဲ့ပစ္စည်း ဘယ့်လောက်ကောင်းတယ်ဆိုတာကို သွယ်ဝိုက်ပြီး တင်ပြတာမျိုး၊ ဒါမှမဟုတ် ဝယ်သူနဲ့ အရင်ရင်းနှီးအောင် လုပ်ပြီးမှ ရောင်းတာမျိုး၊ တခါတရံလည်း မုန့်ဆိုရင် အမြည်းပေးစားပြီးမှ ရောင်းတာမျိုး စသဖြင့် ရောင်းနည်းမျိုးတွေကို ဆိုလိုပါတယ်။ဘန်းစကားအရတော့ ချွေယူတာမျိုး၊ ကျအောင်ပြောပြီး ရောင်းတာမျိုးလို့ဆိုရမှာပါ။ တခါတရံလည်း ဒီနည်းနှင့် အောင်မြင်တာရှိသလို၊ တခါတရံလည်း အချိန်ကုန် စိတ်ရှုပ်မခံလိုသူတွေအတွက် စိတ်တိုစရာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The insurance company’s soft sell technique worked on Joan. She likes the way information was presented.
အာမခံကုမ္မဏီက ဝယ်သူနဲ့ ရင်းနှီးအောင်လုပ်ပြီး ရောင်းတဲ့နည်းဟာ Joan နဲ့တော့ အောင်မြင်သွားပြီ။ အချက်အလက်တွေကို အရင်ရှင်းပြတဲ့နည်းကို သူကနှစ်သက်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Soft စကားလုံးအခြေခံ idioms အသုံးအနှုန်းများက Soft Spot, Soft Money နဲ့ Soft Sell တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG