သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်၂၀ကြာ အုပ်ချုပ်ခဲ့သူ အီသီယိုပီးယားဝန်ကြီးချုပ် ကွယ်လွန်


အီသိုပီးယားနိုင်ငံကို နှစ်ပေါင်း၂၀ကျော် အုပ်ချုပ်ခဲ့တဲ့ အီသီယိုပီးယားဝန်ကြီး Meles Zenawi ကို ကမ္ဘာ့ခေါင်းဆောင်တွေ ဦးညွတ်အလေးပြုနေကြပါတယ်။
အီသိုပီးယားနိုင်ငံကို နှစ်ပေါင်း၂၀ကျော် အုပ်ချုပ်ခဲ့တဲ့ အီသီယိုပီးယားဝန်ကြီး Meles Zenawi ကို ကမ္ဘာ့ခေါင်းဆောင်တွေ ဦးညွတ်အလေးပြုနေကြပါတယ်။
အီသိုပီးယားနိုင်ငံကို နှစ်ပေါင်း၂၀ကျော် အုပ်ချုပ်ခဲ့ပြီးတော့မှ တနင်္လာနေ့ညပိုင်းမှာ ကွယ်လွန်သွားတဲ့ အီသီယိုပီးယားဝန်ကြီး Meles Zenawi ကို ကမ္ဘာ့ခေါင်းဆောင်တွေ ဦးညွတ်အလေးပြုနေကြပါတယ်။ မစ္စတာမလပ်ဟာ အာဖရိကနိုင်ငံတွေရဲ့ အရေးတွေနဲ့ပတ်သက်ရင် စွမ်းစွမ်းတမံ ဦးဆောင် ဦးရွက်ပြုနိုင်ခဲ့သူတစ်ဦး သူ့ရဲ့နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမူအတွက် ကြီးကြပ်နိုင်ခဲ့သူတစ်ဦးအဖြစ်နဲ့ အမှတ်ရနေမှာပါလို့ ကုလသမဂ္ဂ အတွင်းရေးမူးချုပ် ဘမ်ကီမွန်းက အင်္ဂါနေ့ကပဲ ကြေငြာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

မစ္စတာမလပ်ဟာ အီသီယိုပီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးမူအတွက် လုပ်ဆောင်ပေးခဲ့တာတွေ နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးသူ လူတန်းစားအတွက် ခိုင်ခိုင်မာမာ အကူအညီပေးခဲ့တာတွေကြောင့် အသိအမှတ်ပြုခံရသူ တစ်ဦးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောပါတယ်။ မစ္စတာမလပ်ရဲ့ အာဖရိကတိုက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် လုပ်ဆောင်မူတွေကြောင့် အထူးကျေးဇူးတင်မိပါကြောင်းလည်း ကြေငြာချက်ထဲမှာ သမ္မတအိုဘားမားက ပြောဆိုထားပါတယ်။

အာဖရိကသမဂ္ဂကတော့ မစ္စတာမလပ် ဆိုမာလီးယားအစိုးရနဲ့ အယ်ရှာဘက် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အာဖရိကသမဂ္ဂတပ်ဖွဲ့တွေကို ပေးခဲ့တဲ့ အကူအညီတွေကို အသိအမှတ်ပြောကြားပါတယ်။ ဒါပေမယ့် ဘယ်ကြေငြာချက်ကမှ မစ္စတာမလပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မူတွေနဲ့ ပတ်သတ်ပြီးတော့ မပြောပါဘူး။ သူဟာ လူ့အခွင့်အရေးထက် စီးပွားရေးဖွံ့ဖြိုးမူကို ဦးစားပေး လုပ်ကိုင်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့က ပြောပါတယ်။ မစ္စတာမလပ်ဟာ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီးတော့ အီသီယိုပီးယားနိုင်ငံကို သယ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်။

မစ္စတာမလပ်ရဲ့နေရာမှာတော့ ဒုဝန်ကြီးချုပ် Hailemariam Desalegn က ယာယီတာဝန်ယူထားပါတယ်။ မြို့ပြအင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်တဲ့ ယာယီဝန်ကြီးချုပ်ဟာ လာမယ့်ရက်ပိုင်းတွေအတွင်းမှာ ဝန်ကြီးချုပ်အဖြစ်နဲ့ ကျမ်းသစ္စာ ကျိမ်ဆိုဖို့ရှိပါတယ်။ ၂၀၁၅ခုနှစ် နောင်လာမယ့် ရွေးကောက်ပွဲအထိတော့ သူပဲ ဝန်ကြီးချုပ်ဖြစ်လာမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
XS
SM
MD
LG