ပင်လုံကဲ့သို့သော တိုင်း ရင်းသား ညီလာခံ ကြီး တစ်ခု ကျင်းပဖို့ တိုင်းရင်းသား နိုင်ငံရေး အင်အား စုတွေ က အာဏာပိုင် တွေကို တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကလည်း ၂၀၁၅ မတိုင်ခင်မှာ ငြိမ်းချမ်းရေး ဖော်ဆောင် မယ်လို့ ထားတဲ့ စကားတွေနဲ့ အညီ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ဖြစ်တဲ့ နိုင်ငံရေးပါတီတွေ နဲ့ တွေ့ဆုံ မှုတွေ ခြေလှမ်း ကျဲကျဲ နဲ့ ပြု လုပ်နေတာ ကိုလည်း တွေ့ လာရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အပါအဝင် နိုင်ငံရေး ပါတီ ၁၄ ခု တို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နဲ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တဲ့ အရေးနဲ့ ပတ်သက်ပြီး VOA ရဲ့ ရန်ကုန် သတင်းထောက် ကိုရဲကျော်အောင် သတင်းပေးပို့ ထား ပါတယ်။
တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ ပင်လုံကဲ့သို့သော ညီလာခံကြီး တစ်ခုကို ကျင်းပ ပေးဖို့ စစ်မှန်တဲ့ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပပေး ဖို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) အပါအဝင် နိုင်ငံ ရေး ပါတီ ၁၄ ခု တို့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ နဲ့ တွေ့ ဆုံစဉ် မှာ တောင်း ဆိုလိုက်ပါတယ်။ ဒီ ၁၄ ပါတီ ကို နိုင်ငံတော်သမ္မတ ဦး သိန်းစိန် က တွေ့ဆုံမယ်လို့ ပြောကြားလာကြောင်း အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နှင့် တွေ့ ဆုံခဲ့တဲ့ ဇိုမီး နေရှင်နယ် ကွန်ဂရက် မှ ပြော ရေး ဆိုခွင့်ရှိသူ ဦး ဝမ်ခမ်းလျှမ် က ပြော ပါတယ်။
“အဓိကကတော့ အဲဒီမှာ နိုင်ငံရေး ပါတီတွေ စုရုံးပြီးတော့မှ တွေ့ဆုံဖို့ လုပ်နေတယ်လို့ ပြောတာပဲ”
၂၀၁၅ မတိုင်မီ ပင်လုံကဲ့သို့သော ညီလာခံကြီး ကျင်းပပေးဖို့ တိုင်းရင်းသားတွေက တောင်းဆိုမှု ကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က လက်ခံ ဆွေးနွေးကြမယ် ဆိုပြီး ပြန်လည် ပြောကြား ခဲ့တယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ) ပါတီ ရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ် က VOA ကို ပြောပြ ပါတယ်။
“ဝန်ကြီးကတော့ ထိုကဲ့သို့သော ညီလာခံလို့တော့ မပြောဘူး၊ ပင်လုံလို ကျယ်ပြန့်တဲ့ အစည်းအဝေး ကြီး တရပ် ကျနော်တို့ ဝိုင်းပြီး လုပ်ကြတာပေါ့ တဲ့။ ဒီကိစ္စကို ၂၀၁၅ မတိုင်ခင် ဖြစ်နိုင်ရင် ၂၀၁၄ အတွင်းမှာပဲ အပြီး လုပ်ချင်တယ်လို့တော့ အမိန့်ရှိပါတယ်”
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးခရီးမှာ နိုင်ငံရေး အင်အားစုအားလုံး ပါဝင်လာရေး ကိစ္စရပ်တွေကိုလည်း ဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့တယ်လို့ ဦးစိုင်းလိတ် က ဆိုပါတယ်။
“ဦးအောင်မင်း အဓိက ဆွေးနွေးတာကတော့ ငြိမ်းချမ်းရေးကိစ္စ ရေရှည်တည်တံ့သွားဖို့၊ နောက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေး မှာ အားလုံး ဝင်ပါနိုင်ဖို့ ၊ ဒါကို သူတို့ အဓိကထားပြီး လုပ်နေတယ်၊ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေရော၊ NGO အဖွဲ့အစည်းတွေရော၊ တခြား တိုင်းရင်းသား အဖွဲ့အစည်း၊ လက်နက်ကိုင် အပစ်ရပ်စဲထားတဲ့ အဖွဲ့တွေ အပါ၊ နောက် ပြည်သူ တွေ လေးစား ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရော၊ အဖွဲ့အစည်းတွေရော အလွှာစုံ ပါနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေတယ်ပေါ့”
မြန်မာနိုင်ငံဒေသ အသီးသီး ရှိကြတဲ့ တိုင်းရင်းသားတွေ ရဲ့ ဘာသာစကားတွေ ပြန်လည် သင်ကြားပေးဖို့ကို တိုင်းရင်းသားတွေက တောင်းဆိုမှုကိုလည်း သမ္မတကြီးဆီအထိ တင်ပြပေး သွားမယ်လို့ အာဏာပိုင်တွေက ပြောသွားတယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြောပြ ပါတယ်။
“တိုင်းရင်းသား ဘာသာ စာပေတွေကို သင်ကြားခွင့်ပြုဖို့ပေါ့။ ပြည်နယ်ကို အခြေခံပြီး တိုင်းရင်းသား ဘာသာတွေကို သင်ကြားခွင့်ပြုပါ၊ တခြားသော တိုင်းရင်းသားငယ်တွေကိုလည်းပဲ အပိုဘာသာရပ် အနေနဲ့ သူတို့ စိတ်ကြိုက် ဘာသာ အဖြစ် ပြဋ္ဌာန်းပေးပါ ဆိုတာမျိုးကို တောင်းဆိုတယ်။ ဝန်ကြီး ဦးအောင်မင်း နဲ့ ဝန်ကြီး ဦးစိုးသိန်း တို့က သဘောတူ လက်ခံတယ်၊ ကျေနပ်ပါတယ်၊ ဖြစ်သင့်ပါ တယ် တဲ့။ ဝိုင်းဝန်းကြိုးပမ်းကြတာပေါ့ .. ခင်ဗျားတို့ ဖြစ်ချင်တဲ့ ပုံစံမျိုးကို ရေးပေးလိုက်ကြပါ.. သမ္မတကြီး ဆီကို တင်ပြပေးမယ်.. ခင်ဗျားတို့ သမ္မတကြီးနဲ့ တွေ့ခွင့်ရအောင်လည်း ကြိုးစားပေး မယ်၊ တွေ့တဲ့အချိန်မှာလည်း ရေးတဲ့အတိုင်း ပြောကြပါ.. သူတို့လည်း ထပ်ပြီးတော့ ပြောပေးမယ် လို့ ပြောပါတယ်”
ဇူလိုင်လ ၁၈ ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟာ ဒီမိုကရက်တစ်မိတ်ဆွေ ၁၀ ပါတီ နဲ့ နေပြည်တော်မှာ တွေ့ခဲ့ပါသေးတယ်။ အခုလို ၁၉၉၀ ရွေးကာက်ပွဲမှာ အနိင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီတွေအပါအဝင် အခြားသော နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဖြစ်မယ် ဆိုရင် နိုင်ငံတော် သမ္မတ နဲ့ နိုင်ငံရေး ပါတီတွေ ဒုတိယအကြိမ် တွေ့ ဆုံမှုတစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။