သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေအတွက် ထောက်ပံ့မှု EU တိုးမြှင့်


សម្តេចប៉ាប Francis លើកព្រះហស្ថស្វាគមន៍អ្នកគាំទ្រ ខណៈដែលសម្តេចបានទៅដល់ទីក្រុង កូឡុំប៊ូ ដើម្បីនិយាយទៅមហាជននៅសួន Galle Face Green ក្នុងពីធីឡើងកាន់តំណែងជាសន្តជនរបស់លោក Joseph Vaz នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០១៥។
សម្តេចប៉ាប Francis លើកព្រះហស្ថស្វាគមន៍អ្នកគាំទ្រ ខណៈដែលសម្តេចបានទៅដល់ទីក្រុង កូឡុំប៊ូ ដើម្បីនិយាយទៅមហាជននៅសួន Galle Face Green ក្នុងពីធីឡើងកាន់តំណែងជាសន្តជនរបស់លោក Joseph Vaz នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០១៥។
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လူမှုအသိုင်းအဝိုင်း အချင်းချင်းကြား ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေရဲ့ ရိုက်ခတ်မှုခံရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် euro ငွေ ၃ သန်း၊ ဒေါ်လာနဲ့ဆိုရင် ၄ သန်းကျော် ထောက်ပံ့ပေးမယ်လို့ ဥရောပ သမဂ္ဂက ပြောပါတယ်။

ဒါကြောင့် ၂၀၁၂-၂၀၁၃ (၂ ) နှစ်အတွက် EU က မြန်မာနိုင်ငံကို ပေးအပ်တဲ့ လူသားချင်းစာနာ မှုဆိုင်ရာ အကူအညီစုစုပေါင်းက ဒေါ်လာ ၆၆ သန်းနီးပါး ဖြစ်သွားမှာပါ။

ကချင်ဒေသမှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တသိန်းကျော် အိုးအိမ် စွန့်ခွာပြေးခဲ့ကြရတာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေကြောင့်လည်း မွတ်ဆလင် အများစုအပါအဝင် လူသိန်းနဲ့ချီ အိုးအိမ် ပျောက်ခဲ့ရပြီး ယာယီ ကူညီကယ်ဆယ်ရေးစခန်းတွေမှာ ဆိုးရွားတဲ့ အခြေအနေနဲ့ နေနေကြရပါတာကြောင့် စိုးရိမ်ပူပန်ကြောင်းလည်း EU ရဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောပါတယ်။

အခု ထပ်တိုးပေးအပ်မယ့် ထောက်ပံ့ငွေကလည်း ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေအတွက် စားရေရိက္ခာ အဓိကပေးအပ်မှာ ဖြစ်တယ်လို့နိုင်ငံတကာ ပူးပေါင်းဆောင်ရွတ်မှု၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီနဲ့ ပဋိပက္ခကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ EUရဲ့ မဟာမင်းကြီး Kristalina Georgieva က ပြောပါတယ်။
XS
SM
MD
LG