သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ- ဥရောပ ကုန်သည်ကြီးများ အသင်း စတင်ဖွင့်လှစ်


EUကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ဘာရိုဆိုနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံစဉ်။
EUကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ဘာရိုဆိုနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံစဉ်။

ကုန်သည်ကြီးများ အသင်းကို သောကြာနေ့က မြန်မာနိုင်ငံမှာ စတင် ဖွင့်လှစ် လိုက်ပြီဖြစ်ပါတယ်။ ပြင်သစ်မြန်မာ စက်မှုလက်မှု ကုန်သည်ကြီးများအသင်းနဲ့ Euro Chamber တို့က ဦးဆောင်ပြီး ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ အီတလီနဲ့ ဟန်ဂေရီ ကုန်သည်ကြီးများ အသင်းတို့ကနေ ဒီဥရောပ ကုန်သည်ကြီးများ အသင်းရဲ့ လုပ်ငန်းတွေ စတင် လည်ပါတ်နိုင်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်။

ဥရေပသမဂ္ဂအနေနဲ့ မြန်မာ ဥရောပကုန်သည်ကြီးများအသင်း လုပ်ငန်း လည်ပါတ်နိုင်ဖို့ ယူရို ၂.၇ သန်း ထောက်ပံ့သွားမှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ အတွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် ထားမှုတွေကို ပြန်လည် ရုပ်သိမ်း လိုက်ပြီးနောက် ဥရောပသမဂ္ဂနဲ့ မြန်မာအကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့် လာတာပါ။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး Roland Kobia က တော့ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ အနေအထားမှာသာ စီးပွါးရေးလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်မှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြင်သစ်မြန်မာ စက်မှုလက်မှု ကုန်သည်ကြီးများအသင်း ဥက္ကဌ Julien Esch ကလည်း ဥရောပ ကုန်သည်ကြီးများအသင်းရဲ့ လုပ်ငန်းတွေ အခုလို စတင်နိုင်တာဟာ ဥရောပနဲ့ မြန်မာကြား ဆက်ဆံရေးတိုးမြှင့်ဖို့ အခွင့်အရေးကောင်း တခုလို့ ဆိုပါတယ်။ ပို့ကုန်တိုးမြှင့်ပြီး လုပ်ငန်းသစ်တွေလည်း ပေါများ လာနိုင်တာကြောင့်မြန်မာနဲ့ ဥရောပ အနေနဲ့ အကျိုးဖြစ်ထွန်း မှာဖြစ်တယ်လို့ပြောပါတယ်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနဲ့ ဥရောပအကြား ယူရို သန်း ၅၇၀ ထိ ကုန်သွယ်မှုရှိခဲ့ပြီး ဒါဟာ ၂၀၁၂ ခုနှစ်ထက် ၄၄ ရာခိုင်နှုန်း တိုးမြှင့်လာတာပါ။ ၂၀၁၄ ဇန်နဝါရီလကနေ ဇူလိုင်လထိ ကုန်သွယ်မှု ယူရို သန်း ၅၂၀ ထိ ရှိခဲ့ပြီး ဒါဟာ ၂၀၁၃ ခုနှစ်တနှစ်လုံး ကုန်သွယ်မှုငွေပမာဏရဲ့ ၉၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ၂၀၁၄ နှစ် ကုန်ပိုင်းအထိလည်း ကုန်သွယ်မှုပမာဏ တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG