သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို EU ဒဏ်ခတ်မှုများ ရုပ်သိမ်းဖွယ်ရှိ


မြန်မာသမ္မတဦးသိန်းစိန်နှင့် EU ဥက္ကဌ Jose Manuel Barroso EU ဌာနချုပ်တွင် တွေ့ဆုံခဲ့စဉ်။ (မတ် ၅။ ၂၀၁၃)
မြန်မာသမ္မတဦးသိန်းစိန်နှင့် EU ဥက္ကဌ Jose Manuel Barroso EU ဌာနချုပ်တွင် တွေ့ဆုံခဲ့စဉ်။ (မတ် ၅။ ၂၀၁၃)
မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ လက်နက် ရောင်းဝယ်မှုကလွဲပြီး ကျန်တဲ့ ပိတ်ဆို့ အရေးယူတွေကို EU ဥရောပသမဂ္ဂက မကြာခင် ရုပ်သိမ်းပေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အတော်များများကို ပြီးခဲ့တဲ့ နှစ်ထဲက EU က ယာယီ ဆိုင်းငံ့ထားခဲ့တာဖြစ်ပြီး အခုတော့ လက်နက် ရောင်းဝယ်မှုတွေကလွဲလို့ ကျန် ပိတ်ဆို့ အရေးယူထားမှုတွေအားလုံးကို ရုပ်သိမ်းပေးဖို့ ပြင်ဆင်နေတာလို့ Reuters သတင်းက ဖော်ပြပါတယ်၊ ဒီလိုအရေးယူဒဏ်ခတ်မှုအားလုံးကို ဖယ်ရှားပေးဖို့ EU သံအမတ်တွေ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ကြတဲ့အတွက် တနင်္လာနေ့ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကျရင် အတည်ပြုကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး စာမျက်နှာသစ်ဖွင့်ပြီး ရေရှည်တည်တံ့တဲ့ မိတ်ဆွေနိုင်ငံအဖြစ် တည်ဆောင်သွားဖို့ EU ဖက်က လိုလားတယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲ ဆုံးဖြတ်ချက်ကြမ်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်၊ စစ်အစိုးရလက်ထက်တုန်းက အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းနဲ့ ကုမ္ပဏီပေါင်း ၁၀၀၀ လောက်ရဲ့ EU မှာရှိတဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို အပြောင်းအရွှေ့လုပ်လို့ မရအောင် ထိန်းချုပ်ခဲ့ပြီး၊ လူပုဂ္ဂိုလ်ပေါင်း ၅၀၀ လောက်ကိုလဲ EU နိုင်ငံတွေဆီ ဝင်ခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

ဒါ့အပြင် EU ရဲ့ ဒဏ်ခတ်အရေးယူမှုတွေထဲမှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ နည်းပညာပိုင်း အကူအညီတွေပေးတာ၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သစ်လုပ်ငန်းနဲ့ ရှားပါးသယံဇာတတူးဖော်ရေးကဏ္ဍတွေမှာ EU လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံခွင့်ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။
XS
SM
MD
LG