သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ အပေါ် စစ်ဖက် ဆိုင်ရာ အရေးယူမှု EU သက်တမ်းတိုး

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Jose Manuel မီဒီယာများနှင့်တွေ့ဆုံ။ (မတ် ၅၊ ၂၀၁၃)
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Jose Manuel မီဒီယာများနှင့်တွေ့ဆုံ။ (မတ် ၅၊ ၂၀၁၃)
EU ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် စစ်ဖက်ဆိုင်ရာ ဆက်ဆံခြင်းမပြုဖို့ အရေးယူပိတ်ဆို့ထားတဲ့ သက်တမ်းဟာ ဧပြီလကုန်မှာ ကုန်ဆုံးခဲ့ပြီး၊ နောက်ထပ် ၁၂ လ သက်တမ်း ထပ်မံတိုးမြင့်ထားကြောင်း ဥရောပသမဂ္ဂရဲ့ စာရွက်စာတမ်းတွေမှာ ဖေါ်ပြထားတယ်လို့ HIS Janes Defence Industry online အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

EU Council ရဲ့ ဆုံးဖြတ်ချက် ၂၀၁၄/၂၁၄/CSFP မှာ ဖေါ်ပြထားချက်အရ စစ်ဖက်ရေးရာတင်ပို့မှုတွေကို ၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တားမြစ်ထားတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြန်လှန် သုံးသပ်မှုပြုနိုင်ကြောင်း၊ ထပ်မံသက်တမ်းတိုးနိုင်သလို၊ သင့်တော် သလို ပြင်ဆင်ပြောင်းလဲ နိုင်တယ်လို့လည်း ရေးသားဖေါ်ပြထားပါတယ်။

အခုဆုံးဖြတ်ချက်ကို ဧပြီလလည်ပိုင်းအတွင်း EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒရေးရာဆိုင်ရာအကြီးအကဲ ကက်သရင်း အက်ရှ်တန် နဲ့ ဥရောပကော်မရှင် ဒုတိယ အကြီးအကဲ ရုံးတို့ကနေ အတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုသတင်းပတ်အတွင်းမှာပဲ အမေရိကန် သမ္မတ အိုဘားမားကလည်း အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့ တွဲပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်တဲ့ အမိန့် နောက်ထပ် သက်တမ်းတိုးလိုက်ပါတယ်။
This item is part of
XS
SM
MD
LG