သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ ကမ်းလွန် သင်္ဘောနစ်မြုပ်မှု ဒုက္ခသည် ၃၇ ဦး သေဆုံး


တူရကီနဲ့ ဂရိ နိုင်ငံကြားမှာ တည်ရှိနေတဲ့ Aegean ပင်လယ်ပြင်ကို ဖြတ်ကူးရင်း Lesbos ကျွန်းကို ရောက်လာခဲ့တဲ့ ရွှေ့ပြောင်းအခြေချသူတွေ။(၂၉ ဇန်နဝါရီ ၂၀၁၆)
တူရကီနဲ့ ဂရိ နိုင်ငံကြားမှာ တည်ရှိနေတဲ့ Aegean ပင်လယ်ပြင်ကို ဖြတ်ကူးရင်း Lesbos ကျွန်းကို ရောက်လာခဲ့တဲ့ ရွှေ့ပြောင်းအခြေချသူတွေ။(၂၉ ဇန်နဝါရီ ၂၀၁၆)

ဂရိနိုင်ငံ Lesbos ကျွန်းကို ဦးတည် ထွက်ခွာလာတဲ့ ရွှေ့ပြောင်းအခြေချသူတွေ စီးနင်း လိုက်ပါလာတဲ့ ရေယာဉ်တစင်း တူရကီ အနောက်ဘက် ကမ်းခြေမှာ စနေနေ့က နစ်မြုပ်တာကြောင့် ကလေးငယ် အများအပြား အပါအဝင် အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ပါတယ်။

၁၇ ပေ အရှည်ရှိတဲ့ ရေယာဉ် အတွင်းမှာ ပိတ်မိနေတဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေရေး အဖွဲ့တွေ ထပ်တွေ့ခဲ့ပြီး စနေနေ့ နှောင်းပိုင်းမှာ သေဆုံးသူ အရေအတွက် တိုးလာခဲ့တာပါ။ အသက်ရှင် ကျန်ရစ်သူ ၇၅ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ရွှေ့ပြောင်း ဒုက္ခသည်တွေထဲမှာ ဆီးရီးယား၊ အာဖဂနစ္စတန်နဲ့ မြန်မာနိုင်ငံတို့က လူတွေ ပါတယ်လို့ ရွှေ့ပြောင်း တူရကီ သတင်းဌာန Dogan က ဖော်ပြပါတယ်။

စနေနေ့က ပင်လယ်ပြင်ကို ဖြတ်ကူးဖို့ စီစဉ်ခဲ့တဲ့ လူမှောင်ခိုကူးသူလို့ ယူဆရသူ တူရကီ အမျိုးသား တဦးကို ရဲတွေက ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးခံရသူကတော့ သူ့မိသားစုလည်း လှေပေါ်မှာ လိုက်ပါသွားပြီး သူ့အနေနဲ့ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

တူရကီနဲ့ ဂရိ နိုင်ငံကြားမှာ တည်ရှိနေတဲ့ Aegean ပင်လယ်ပြင်ကို ဖြတ်ကူးရင်း သေဆုံးကြတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချသူ အရေအတွက်ဟာ စိုးရိမ်စရာ ကောင်းတဲ့ နှုန်းနဲ့ တိုးလာနေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဆိုင်ရာ အဖွဲ့ IOM က ပြောဆိုပါတယ်။

XS
SM
MD
LG