သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧဝရတ် တောင်နှင်းထုပြို လူတစ်ရာခန့် ပိတ်မိ


ဧဝရတ်တောင်
ဧဝရတ်တောင်
ဧဝရတ်တောင်မှာ နှင်းထုပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပွါးနေ တာမို့ တောင်တက် သမား တရာလောက် လမ်းမှာပိတ်မိနေကြသလို သောကြာနေ့ အစောပိုင်း ပြိုမှုကြောင့်သေဆုံးရတဲ့ ဒေသခံ Sherpa လမ်းပြက ၁၂ ဦးထက်မနည်း ရှိနေပါတယ်။ နောက် လမ်းပြ ၃ ယောက်က ဒဏ်ရာတွေ ရခဲ့ကြသလို ၄ ယောက်လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အခု နှင်းထုပြိုကျမှုဟာ ဧဝရတ်တောင်မှာ ဖြစ်ပွါးခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှ အဆိုးဝါးဆုံး ဖြစ်မယ်လို့ သတ်မှတ်ကြပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စနေနေ့မှာ ဆက်လုပ်ကြမှာဖြစ်ပါတယ်။

အခုလိုနှင်းထုပြိုကျမှုတွေ ဖြစ်ပွါးခဲ့တဲ့အတွက် ဧဝရတ်တောင်တက်နေသူတွေ လုံးဝရပ်နားထားရတယ်လို့ တောင်တက်သမား Alan Arnette ကပြောပါတယ်။ တောင်ဆက်တက်နိုင်ဖို့အတွက် လမ်းကြောင်း အသစ် ရှာဖွေနိုင်အောင် ရက်ပေါင်းအတော်ကြာနိုင်တယ် လို့လည်း ဆိုပါတယ်။

နီပေါခရီးသွားဝန်ကြီးဌာနကတော့ တောင်တက်ကျွမ်းကျင်တဲ့ Sherpa ဒေသခံတွေဟာ အမြင့်ပေ တသောင်းကိုးထောင်ကျော်မှာရှိတဲ့ Popcorn Field လို့ခေါ်တဲ့ နေရာမှာ တောင်တက်သူတွေအတွက် သူတို့အရင်စောစော ထွက်ပြီး ကြိုးတွေကို ပြင်ပေးနေစဉ် အခုလို နှင်းထုတွေ ပြိုကျခဲ့တာလို့ ပြောပါတယ်။
XS
SM
MD
LG