သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၀ ကျော် ဂျပန်ဖိုးဖိုး ဧဝရက်တောင် တက်ရောက်


အသက် ၈၀ အရွယ် Yuichiro Miura နဲ့အဖွဲ့ ဧဝရက်တောင်ထိပ် တက်ရောက်နေစဉ်။ (မေလ ၂၃ ရက်၊ ၂၀၁၃)။
အသက် ၈၀ အရွယ် Yuichiro Miura နဲ့အဖွဲ့ ဧဝရက်တောင်ထိပ် တက်ရောက်နေစဉ်။ (မေလ ၂၃ ရက်၊ ၂၀၁၃)။
အသက် ၈၀ အရွယ် ဂျပန်နိုင်ငံသား ဖိုးသက်ရှည်ဟာ ဧဝရက်တောင်ကို တက်နိုင်တဲ့ ကမ္ဘာ့ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်လိုက်ပြီ ဖြစ်ပါတယ်။

ဖိုးသက်ရှည် Yuichiro Miura ဟာ သူ့အနေနဲ့ အသက် ၇၀ ကျော် ကာလတွေမှာတုန်းကလည်း အမြင့်ပေ ၃ သောင်းလောက်ရှိတဲ့ ဧဝရက်တောင်ကို ၂ ကြိမ်တိုင်တိုင် တက်ခဲ့ဖူးသူ ဖြစ်တယ်လို့ သူ့ရဲ့ကိုယ်ပိုင် အင်တာနက် ဝက်ဘ်ဆိုက်မှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့ စံချိန်သစ်ဟာ မကြာခင်မှာ ကျိုးသွားနိုင်ပါတယ်။ အသက် ၈၁ နှစ်အရွယ် နီပေါလ်နိုင်ငံသား ဖိုးသက်ရှည်တဦးကလည်း ရှေ့သီတင်းပတ်ထဲ ဧဝရက်တောင်ကိုတက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အရင်က ဗြိတိသျှအစိုးရလက်အောက်ခံ ဂေါ်ရခါးတပ်မှာ တာဝန် ထမ်းဆောင်ခဲ့သူ Min Bahadur Sherchan ဟာ ၁၉၆၀ ခုနှစ်တွေ ကတည်းကစပြီးတော့ တောင်တက်လာခဲ့သူ တဦးဖြစ်ပါတယ်။

ဒီ ဖိုးသက်ရှည် ၂ ဦးဟာ အရင်ကလည်း တောင်တက်ပြိုင်ခဲ့ကြဖူးပါတယ်။ ဂျပန်နိုင်ငံသား Miura က ၂၀၀၈ ခုနှစ် အသက် ၇၅ နှစ်မှာ အသက်အကြီးဆုံး ဧဝရက်တောင်ကို တက်နိုင်သူအဖြစ် စံချိန် တင်လိုက်ပေမဲ့၊ နီပေါလ်နိုင်ငံသား Sherchan က အသက် ၇၆ နှစ်ပြည့်ဖို့ တစ်ရက်အလိုမှာ ဧဝရက်တောင် ကို အောင်မြင်စွာ တက်ပြလိုက်ပြီး စံချိန်အသစ်ကို ထပ်တင်ပြလိုက်တာပါ။
XS
SM
MD
LG