သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဟောင်းမော်စီ ချုပ်ရက်သက်တမ်းတိုး


အီဂျစ်နိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေ ပိုပြီးနက်ရှိုင်းသွားစေခဲ့တဲ့ စစ်တပ်က ပြီးခဲ့တဲ့လတုန်းက ရာထူးကနေ ဖယ်ရှားလိုက်တဲ့ သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) ကို စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြားဖြတ်အစိုးရက ထိန်းသိမ်းထားတာကို ဆက်ပြီး ရက်တိုးလိုက်ပါတယ်။

၂၀၁၁ ခုနှစ် အီဂျစ်တော်လှန်ရေးကာလအတွင်း ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမက်စ်က မစ္စတာ မော်စီနဲ့ တခြား အစ္စလာမ်ဝါဒီတွေကို ထောင်ဖောက် ထွက်ပြေးနိုင်အောင် ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး ဖို့အတွက် အီဂျစ်တရားရေးဌာနက မစ္စတာ မော်စီကို နောက်ထပ် ၁၅ ရက်တိုး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ မော်စီကို သမ္မတရာထူးကနေ ဖယ်ရှားခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ကတည်းကစပြီး အီဂျစ် အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အစ္စလာမ်ဝါဒီ အများစု ပါဝင်တဲ့ မစ္စတာ မော်စီကို ထောက်ခံသူတွေကတော့ ကိုင်ရိုမြို့မှာ ဆန္ဒပြစခန်း ၂ ခုဖွင့်ပြီး မစ္စတာ မော်စီကို ရာထူးပြန်လည် အပ်နှင်းဖို့ တလကျော်ကြာ ဆန္ဒပြနေကြပါတယ်။ ကြားဖြတ်အစိုးရ အရာရှိတွေက ဆန္ဒပြသပိတ်စခန်းတွေကို ဖြိုခွဲမယ်လို့ သတိပေးထားပေမဲ့၊ တနင်္လာနေ့ ညနေပိုင်း အထိတော့ ဖြိုခွင်းတာတွေ လုပ်တာ မတွေ့ရသေးပါဘူး။
XS
SM
MD
LG