သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook အရှုံးပေါ်


facebook
facebook
ကမ္ဘာမှာ ရေပန်းအစားဆုံး လူမှုရေးကွန်ယက်ဝဘ်ဆိုဒ်ဖြစ်တဲ့ Facebook က အမြတ်အစွန်း ပိုရဖို့ မျှော်လင့်ထားခဲ့ပေမဲ့ လည်း လေးလအတွင်းမှာ အရှုံးပေါ်ခဲ့ကြောင်း ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းက စတော့ရှယ်ယာတွေ ခေါ်ယူခဲ့ပြီးချိန်ကစလို့ Facebook အင်တာနက်ဝဘ်ဆိုဒ်ရဲ့ ဝင်ငွေအစီရင်ခံစာမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၈၀ အပေါ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၇ သန်း အရှုံးပေါ်ခဲ့ကြောင်း ရေးသားထားတာပါ။ ဒါဟာဆိုရင် မနှစ်ကလိုပဲ ၃၀ ရာခိုင်နှုန်းအထက် အရှုံးပေါ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ပြူတာ ပြဿနာတွေနဲ့ တခြား IPO လို့ခေါ်တဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပြဿနာတွေ အတွင်း ကွန်ပြူတာဖေ့စ်ဘုတ် ကုမ္ပဏီက ရင်းနှီးမြျုပ်နှံသူတွေကို လျော်ကြေးပေးဆောင်ခဲ့ရတာကြောင့် အရှုံးပေါ်ခဲ့ရတာပါ။

ကုမ္ပဏီအနေနဲ့ စီးပွားရေးကြေညာတွေကနေ အကျိုးအမြတ်ထွက်အောင် လုပ်နိုင်ပါ့မလားဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ခဲ့ကြတဲ့ အတွက် ပထမဆုံး စတော့ရှယ်ယာခေါ်ယူခဲ့ချိန်ကစလို့ ဖေ့စ်ဘုတ်ရဲ့ အစုရှယ်ယာလည်း ၃၀ % နီးပါး ကျဆင်းသွားပါရပါတယ်။
XS
SM
MD
LG