သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကိုင်ဖုံးတွေအတွက် Facebook ရဲ့ ဆော့ဖ်ဝဲလ်သစ်


Mark Zuckerberg, Facebook's co-founder က ဖေ့စ်ဘွတ်ခ် ဆော့ဖ်ဝဲလ်အသစ်ကို မိတ်ဆက်စဉ်။
Mark Zuckerberg, Facebook's co-founder က ဖေ့စ်ဘွတ်ခ် ဆော့ဖ်ဝဲလ်အသစ်ကို မိတ်ဆက်စဉ်။
Android Operating System သုံးလက်ကိုင်ဖုန်းတွေအတွက် Home ဆိုတဲ့ Software အသစ်ကို Facebook ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်၊ Facebook လူမှုကွန်ယက် Website ကို သုံးစွဲနေကြသူတွေထဲက လူသန်းပေါင်း ၁ ထောင်ကျော်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတွေ၊ Tablet Computer တွေသုံးပြီး Facebook site ကိုသုံးနေကြတာပါ။

Home software ဟာ လက်ကိုင်ဖုန်းသုံးကြသူတွေကို Application တွေထက် လူတွေကို ပိုပြီး အာရုံစိုက်နိုင်မှာဖြစ်တယ်လို့ Facebook အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်၊ ဒီ Software ကို Phone ထဲမှာ ထည့်ထားရင် Facebook အကောင့်ထဲက ကိုယ့်ရဲ့ သူငယ်ချင်းတွေ ဘာပုံတွေ တင်နေကြတယ်။ ဘာစာတွေ ရေးနေကြတယ် ဆိုတာကို Phone ကို ဖွင့်လိုက်တာနဲ့ တန်းပြီးမြင်နိုင်မှာ ဖြစ်ပါတယ်၊ နောက်ပြီး ဖုန်းထဲက တခြား Application တွေကို သုံးနေချိန်မှာလဲ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ အပြန်အလှန် Chatting လုပ်နိုင်မှာဖြစ်ပါတယ်။

Samsung နဲ့ HTC လက်ကိုင် Phone တွေအပါအဝင် Android Operating System သုံးတဲ့ ဖုန်းတွေအတွက် Home software ကို လာမဲ့ April လ ၁၂ ရက်နေ့ကစပြီး Download ရယူနိုင်မယ်လို့ Zuckerberg ကပြောပါတယ်၊ Facebook ရဲ့ Home Software က Apple နဲ့ Google လို ထိပ်တန်း နည်းပညာ ကုမ္ပဏီတွေကို စိန်ခေါ်မှုတခုဖြစ်တယ်လို့ နည်းပညာဆိုင်ရာ အကဲခတ်တွေကပြောနေပါတယ်၊
XS
SM
MD
LG