သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားနဲ့အမတ်တွေထံ ပေးပို့တဲ့စာတွေမှာ အဆိပ်တွေ့


သမ္မတအိမ်ဖြူတော်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတဝက်လွှင့်ထူ (၁၆ ဧပြီ ၂၀၁၃)
သမ္မတအိမ်ဖြူတော်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတဝက်လွှင့်ထူ (၁၆ ဧပြီ ၂၀၁၃)
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အထက်လွှတ်တော် အမတ်တယောက်ဆီကို ပို့ခဲ့တဲ့ Ricin အဆိပ်ပါတဲ့ စာတွေဟာ ဆက်စပ်မှုရှိပြီး Tennessee ပြည်နယ် Memphis မြို့ စာတိုက်တံဆိပ်တွေပါတဲ့ စာတွေဖြစ်တယ်လို့ လုံခြုံရေး အာဏာပိုင်တွေက ပြောပါတယ်။

Mississippi ပြည်နယ်က လူတဦးကို ဒီကိစ္စနဲ့ပတ်သက်လို့ သင်္ကာမကင်းရှိပြီး၊ အခု ဖမ်းဆီးထားပြီလို့ CNN သတင်းမှာ ဖော်ပြပါတယ်။

အမှားကို မြင်လျက်နဲ့ ထုတ်ဖော်မပြောတာဟာ၊ အမှားကို ဆက်လုပ်ဖို့ တိတ်တဆိတ် အားပေးကျူးလွန်နေသူ တယောက်ဖြစ်တယ်လို့ အဓိပ္ပါယ်ရတဲ့ စာသားကို သမ္မတ အိုဘားမားဆီရော၊ အထက်လွှတ်တော်အမတ် ရော်ဂျာ ဝစ်ကာ (Roger Wicker) တို့ဆီ ပို့တဲ့ စာတွေထဲမှာ ရေးထားပြီး ကျွနု်ပ်ဟာ KC ဖြစ်တယ်။ ဒီပြောကြားချက်ကို အာမခံတယ်လို့လည်း ရေးထားတယ်လို့ FBI ပြည်ထောင်စု စုံစမ်းရေး ဗျူရို က ပြောပါတယ်။

လွှတ်တော်အမတ်တွေဆီကို စာတွေ အမြောက်အများ ပို့တဲ့သူတယောက်ကို ရဲက သံသယရှိနေတယ်လို့ အထက်လွှတ်တော်အမတ် ကလရီ မက်ကစကေး (Claire McCaskill) က ပြောခဲ့ပေမဲ့ လုံခြုံရေး အာဏာပိုင်တွေကတော့ ဘယ်သူ့ကို သံသယ ရှိနေတယ်ဆိုတာ ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။ Boston မာရသွန် အပြေးပြိုင်ပွဲ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဒီအဆိပ်ပါတဲ့ စာတွေ ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့လည်း FBI က ပြောပါတယ်။

အထက်လွှတ်တော် အဆောက်အဦး ၂ ခုမှာ မသင်္ကာစရာ အထုပ်တွေကို ဗုဒ္ဓဟူးနေ့က Washington မြို့တော် ရဲတွေက ရှာဖွေစစ်ဆေးခဲ့ပေမဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို မတွေ့ခဲ့ကြပါဘူး။
XS
SM
MD
LG