သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ သဲလွန်စသစ် တွေ့ရှိ


Boston ဗုံးခွဲမှုနဲ့ပတ်သက်ပြီး သဲလွန်စ ဆက်လက်ရှာဖွေ
Boston ဗုံးခွဲမှုနဲ့ပတ်သက်ပြီး သဲလွန်စ ဆက်လက်ရှာဖွေ
Boston မာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုအတွက် သံသယရှိသူနဲ့ တအိမ်တည်း အတူနေသူ အမျိုးတွေရဲ့ မျိုးဗီဇ နမူနာတွေကို အစိုးရ စုံစမ်းထောက်လှမ်းသူတွေက သက်သေအဖြစ် ကောက်ယူနေပါတယ်။

FBI ထောက်လှမ်းရေးအဖွဲ့က သေဆုံးခဲ့သူ တာမာလန်း ဆာနော့ဗ် (Tamerlan Tsarnaev) ရဲ့ ဇနီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မုဆိုးမ ကတ်သရင်း ရတ်စဲလ် (Katherine Russell) ရဲ့ မိဘတွေ နေထိုင်ရာ Rhode Island က အိမ်မှာ တနင်္လာနေ့က မျိုးဗီဇ နမူနာတွေကို ကောက်ယူခဲ့တာပါ။ ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမှုမှာ သုံးခဲ့တဲ့ ပစ္စည်းအပိုင်းအစတွေထဲက အနည်းဆုံး တခုမှာ အမျိုးသမီးတဦးရဲ့ DNA ကို တွေ့ခဲ့ရတဲ့အတွက် အခုလို စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီး ၃ ရက်အကြာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သူ့ခင်ပွန်း သေဆုံးသွားပြီးကတည်းက ရတ်စဲလ် (Russell) ဟာ သူ့ရဲ့ သမီးငယ်နဲ့အတူ သူ့မိဘအိမ်မှာ သွားနေခဲ့တာပါ။ သူမဟာ စုံစမ်းစစ်ဆေးမှုတွေအတွက် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ သ့ူရှေ့နေက ပြောပါတယ်။

တချိန်တည်းမှာပဲ တာမာလန်း (Tamerlan) ရဲ့ညီဖြစ်သူ အဖမ်းခံနေရတဲ့ အသက် ၁၉ နှစ်အရွယ် ဇိုခါ ဆာနော့ဗ် (Dzhokar Tsarnaev) အတွက် ခုခံပြောဆိုရာမှာ အကူအညီပေးဖို့ နာမည်ကြီး ရှေ့နေတဦးဖြစ်တဲ့ ဂျူဒီ ကလဒ့် (Judy Clarke) ကို တရားရုံး တရားသူကြီးက ခန့်အပ်ပေးခဲ့ပါတယ်။
XS
SM
MD
LG