သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အနိုင်ရတဲ့ ဒေါ်စုကို EU ချီးကျုး


ဥရောပကော်မရှင်အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ Federica Mogherini ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနိုင်ရရှိခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်းပြော
ဥရောပကော်မရှင်အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ Federica Mogherini ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနိုင်ရရှိခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်းပြော

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရရှိခဲ့တဲ့အပေါ်မှာ ဂုဏ်ယူကြောင်း ဥရောပကော်မရှင်အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ Federica Mogherini က ပြောကြားလိုက်ပါတယ်။ ဥရောပကော်မရှင်ရဲ့ ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံခြားရေး နဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Ms. Mogherini က ၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ အင်္ဂါနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ပြောကြားခဲ့တာဖြစ်တယ်လို့ EU ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုနေတာတွေကို လက်ခံကြိုဆိုတယ်လို့လည်းသူကပြောပါတယ်။

အခုချိန်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေကနေ တဆင့် ငြိမ်းချမ်းစွာအသွင်ကူးပြောင်းမှုဖြစ်ရေးကို ဦးတည်လုပ်ဆောင်သွားဖို့ အရေးကြီးတဲ့အချိန်ဖြစ်တာကြောင့် ပါတီအားလုံးအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ အရေးကြီးတယ်လို့ Ms. Mogherini က ပြောလိုက်ပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလမှာ မိတ်ဆွေကောင်းအနေနဲ့ ကူညီထောက်ပံ့သွားဖို့ အဆင်သင့်ရှိနေတယ်လို့ အလေးပေးပြောကြားလိုက်ပါတယ်။

Ms. Mogherini နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လာမယ့်အသွင်ကူးပြောင်းရေးကာလအတွင်းမှာ ဆက်လက်ဆက်သွယ်သွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG