သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်


ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။

ဒီကနေ့ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲမှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ မြန်မာတပ်တို့ကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ ပြောခွင့်ရ ဦးလနန်က ဗွီအိုအေကို ပြောပါတယ်။

“KIA တပ်မဟာ (၃) တပ်ရင်း (၁) ရှေ့တန်းစခန်း နထက်ကျေးရွာမှာရှိတဲ့ စခန်းတွေကို တပ်မ (၈၈) ကနေပြီး ဝင်လာပြီး ထိုးစစ်ဆင်တာပါ။ အဲလို လုပ်ရင်းနဲ့ပဲ တိုက်ပွဲဖြစ်သွားတယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်၊ ဒီနေ့မနက်ပိုင်းမှာလည်း စပြီးတော့ တိုက်ပွဲဖြစ်တယ်။ နေ့လည်ပိုင်းကစပြီးတော့ သူတို့ လက်နက်ကြီးတွေ အသုံးပြုလာတယ်။ မွန်းလွဲပိုင်း သုံးနာရီအချိန်မှာ သူတို့ လေယာဉ်နဲ့လာပြီးတော့ ပစ်ခတ်တယ်။ ဗုံးကြဲတာတွေလုပ်တယ်။ (၃) နာရီကျော်ကျော်မှာတကြိမ်၊ (၄) နာရီခွဲမှာတကြိမ်၊ ဂျက်လေယာဉ်၊ တိုက်လေယာဉ် နှစ်စင်းနဲ့ နှစ်ကြိမ်လာပြီးတော့ ပစ်ခတ်တာတွေ လုပ်တယ်။”

၂၁ ရက်နေ့ စနေနေ့ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ဘက်က လေတပ်အင်အားကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆွေးနွေးပွဲတွေကျင်းပနေချိန်မှာ အခုလိုမျိုး အစိုးရဘက် ထိုးစစ်ဆင်လေ့ရှိတယ်လို့လည်း ဦးလနန်က ပြောပါတယ်။ အပြည့်အစုံကို မနက်ဖြန် မနက်အစီအစဉ်မှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။

XS
SM
MD
LG