သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်လက်နက်ကိုင်အဖွဲ့နဲ့ မလေးရှားစစ်တပ် တိုက်ပွဲဖြစ်


ရွာသားတွေက သေဆုံးသူ သေနတ်သမားတဦးရဲ့ အလောင်းကို သယ်ဆောင်လာစဉ် (၄ မတ်လ ၂၀၁၃)
ရွာသားတွေက သေဆုံးသူ သေနတ်သမားတဦးရဲ့ အလောင်းကို သယ်ဆောင်လာစဉ် (၄ မတ်လ ၂၀၁၃)
ဘော်နီယိုကျွန်းတဝိုက် လုံခြုံမှု ထိန်းသိမ်းထားနိုင်ဖို့အတွက် မလေးရှား အာဏာပိုင်တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်လေယာဉ်တွေကို ဘော်နီယိုကျွန်းဆီကို စေလွှတ်လိုက်ပါတယ်။

ဘော်နီယိုကျွန်းမှာ အစိုးရနဲ့ ဖိလစ်ပိုင် လက်နက်ကိုင်အဖွဲ့ တဖွဲ့ကြား သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားနေ တာပါ။ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ် (Najib Razak) က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို အကာအကွယ်ပေးဖို့ လိုအပ်လာတဲ့အတွက် အင်္ဂါနေ့မှာ တိုက်ခိုက်မှု ပြုလုပ်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

အင်အား ၂၀၀ လောက်ရှိတဲ့ လက်နက်ကိုင်အဖွဲ့က ပင်လယ်ကမ်းခြေ ကျေးရွာကို ဖေဖော်ဝါရီ လလယ်ပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တင်းမာမှုတွေ ဖြစ်ပွားခဲ့ရတာပါ။

သောကြာနေ့တုန်းက နှစ်ဘက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ ရဲနှစ်ယောက်နဲ့ ကျူးကျော် ဝင်ရောက်လာသူ ၁၂ ယောက် သေဆုံးခဲ့ရပါတယ်။ အဲ့ဒီဖြစ်ရပ်ရဲ့ နောက်ပိုင်း ဆက်လက်ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေအတွင်း လက်နက်ကိုင် ၁၉ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးခဲ့ရပါတယ်။
အင်္ဂါနေ့မှာတော့ မလေးတပ်ဖွဲ့တွေ မစေလွှတ်ခင် လေကြောင်းကနေ နာရီဝက်လောက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
XS
SM
MD
LG