သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မှာ ပျောက်နေတဲ့ အမေရိကန် ၃ ယောက်ကို ရှာဖွေနေ


အီရတ်နိုင်ငံ ၊ ဘက်ဂဒတ်မြို့
အီရတ်နိုင်ငံ ၊ ဘက်ဂဒတ်မြို့

အီရတ်နိုင်ငံ ဘက်ဂဒတ်မြို့မှာ ပျောက်ဆုံးနေတယ်လို့ သတင်းထွက်နေတဲ့ အမေရိကန် ကန်ထရိုက်ဝန်ထမ်းတွေ ၃ ဦးကို အမေရိကန် အစိုးရက ရှာဖွေနေပါတယ်။

အခုရှာနေတဲ့သူတွေ လွန်ခဲ့တဲ့ ၂ ရက်က ပျောက်ဆုံးနေတဲ့အကြောင်း သူတို့ ၃ ဦး အလုပ်လုပ်တဲ့ ကုမ္ပဏီက ပြောတယ်လို့ အမေရိကန်နဲ့ အီရတ် အရာရှိတွေက ပြောပါတယ်။

သူတို့အနေနဲ့ အီရတ်နိုင်ငံထဲမှာ ဘယ်လို အလုပ်မျိုး လုပ်နေတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီအများစုဟာ လုံခြုံရေးနဲ့ တခြား အရပ်ဖက် လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့သူတွေအားလုံး ပြန်တွေ့နိုင်အောင် အီရတ်အာဏာပိုင်တွေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရ John Kirby က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အီရတ်နိုင်ငံထဲမှာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း စစ်သွေးကြွတွေနဲ့ အီရတ်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ကူတိုက်ပေးနေသူက နိုင်ငံခြားသားတွေ ဒါဇင်နဲ့ချီပြီး ပြန်ပေးဆွဲခဲ့ကြပါတယ်။

XS
SM
MD
LG