သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလစ်ကန် သမ္မတလောင်းရွေးမယ့် အကြိုစကားစစ်ထိုးပွဲ


ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတ ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင် ရွေးချယ်ခံဖို့ ထိပ်ဆုံးမှာ ရှိနေသူ ၁၀ ဦး ရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ (သြဂုတ် ၆၊ ၂၀၁၅)
ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတ ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင် ရွေးချယ်ခံဖို့ ထိပ်ဆုံးမှာ ရှိနေသူ ၁၀ ဦး ရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ (သြဂုတ် ၆၊ ၂၀၁၅)

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတ ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင် ရွေးချယ်ခံဖို့ ထိပ်ဆုံးမှာ ရှိနေသူ ၁၀ ဦး ရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ ကို မနေ့က ကြာသပတေးနေ့ ညပိုင်းမှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံခြားရေးမူဝါဒ အပါအဝင် အကြောင်းအရာ များစွာကို ၂ နာရီကြာ အချေအတင် ငြင်းခုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အီရန်နျူကလီးယား အရေးနဲ့ အရှေ့အလယ်ပိုင်း ဒေသက IS အစွန်းရောက်စစ်သွေးကြွ ချေမှုန်းရေး စတဲ့ ပြောဆိုမှုတွေသာမက သမ္မတ အိုဘားမား အစိုးရ ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ဝေဖန်ပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နဲ့အတူ သမ္မတအိုဘားမားကို ထိုးနှက် ဝေဖန် ပြောဆိုရင်း စကားစစ်ထိုးခဲ့ကြပါတယ်။

ယှဉ်ပြိုင်သူ အတော်များများက အီရန်နျူကလီးယားအရေး သဘောတူညီချက်ကို အပြင်းအထန် ဝေဖန်ခဲ့ကြပြီး တချို့ဆိုရင် သူ သမ္မတ အဖြစ်တာဝန်ထမ်းဆောင်ခွင့် ရတဲ့ ပထမဆုံးနေ့မှာကိုပဲ ဒါကို ပြောင်းလဲပစ်နိုင်ဖို့ ဒီသဘောတူညီချက်ကို ချက်ချင်း ပယ်ဖျက်ပစ်မယ်လို့ ပြောဆိုခဲ့ကြပါတယ်။ IS အစွန်းရောက်တွေကို ချေမှုန်းဖို့ အရှေ့အလယ်ပိုင်း ဒေသကို တပ်ဖွဲ့တွေ စေလွှတ်ဖို့ ပြောဆိုသူတချို့ ရှိသလို၊ နောက်ထပ် ခုလို စကားစစ်ထိုး ယှဉ်ပြိုင်မှုတွေမှာ နိုင်ငံခြားရေးမူဝါဒ အကြောင်းကပဲ အဓိက ပြောဆိုစရာကိစ္စ ဖြစ်လာနိုင်ပါတယ်။

မနေ့ကပွဲမှာ သန်းကြွယ်သူဌေးကြီး Donald Trump ကတော့ အများ အာရုံစိုက် အခံရဆုံးသူ တယောက် ဖြစ်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Jeb Bush၊ Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker နဲ့ အိုဟိုင်းအိုးပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich တို့လည်း ဒီပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ကြပြီး အများရဲ့ လက်ခုပ်လက်ဝါးတီး အားပေးတာကို ခံခဲ့ကြရပါတယ်။

XS
SM
MD
LG