သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ယူ မန်နေဂျာ ဖြုတ်ခံရ


မန်ယူအသင်းနည်းပြဆရာ David Moyes
မန်ယူအသင်းနည်းပြဆရာ David Moyes
အင်္ဂလန်ကလပ် ဘောလုံးအသင်းတွေထဲက ကမ္ဘာကျော်တဲ့ Manchester United အသင်းက အသင်းနည်းပြ David Moyes ကို ရာထူးကနေ ဒီကနေ့ ဖယ်ရှားလိုက်ပါတယ်။

Old Trafford မှာ Man U အသင်းရဲ့ ဒုဥက္ကဌ Ed Woodward နဲ့ ဒီကနေ့ အစည်းအဝေး လုပ်ခဲ့ပြီးတဲ့နောက် အသက် ၅၀ အရွယ် Scottish လူမျိုး နည်းပြ Moyes ကို အသင်းနည်းပြ ရာထူးကနေ ထွက်သွားပြီလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Man U အတွက် ရေရှည်မန်နေဂျာအသစ် ဘယ်သူ့ကို ခန့်အပ်မယ်ဆိုတာ မဆုံးဖြတ်ရသေးပေမဲ့ အသင်းခေါင်းဆောင် Ryan Giggs က အသင်းကို ဒီနှစ် ဘောလုံးရာသီ ကုန်တဲ့အထိ ယာယီအုပ်ချုပ်မှာ ဖြစ်တယ်လို့ Man U ကလပ်အသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ David Moyes ရဲ့ အလုပ် ကြိုးစားမှု၊ ဖြောင့်မတ် မှန်ကန်မှုတို့အတွက် ကျေးဇူူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။

အရင်မန်နေဂျာ Sir. Alex Ferguson အနားယူသွားပြီးနောက်မှာ မန်နေဂျာဖြစ်လာတဲ့ David Moyes ရဲ့လက်ထက် ပြီးခဲ့တဲ့ ၁၀ လအတွင်း Man U အသင်းရဲ့ ခြေစွမ်းဟာ သိသိသာသာကြီးကို ကျဆင်းခဲ့ပါတယ်။

Man U အသင်းအနေနဲ့ ၁၉၉၅ အခြေအနေနဲ့ ဝေးခဲ့ရသလို အင်္ဂလိပ် Premier League မှာလည်း ဇယားရဲ့နံပါတ် ၇ နေရာမှာပဲ လောလောဆယ် ရှိနေပါတယ်။
XS
SM
MD
LG