ဆီးရီးယားမြောက်ပိုင်း အာလက်ပို (Aleppo) မြို့မှာ အစိုးရကို လိုလားတဲ့ လူမျိုးစုအဖွဲ့ဝင်တွေလို့ လှုပ်ရှားသူတွေက ပြော တဲ့ လူလေးဦးကို အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေက သတ်ပစ်လိုက်ပါတယ်။
ဖမ်းမိထားတဲ့ အစိုးရသစ္စာခံတွေကို လက်နက်ကိုင်တွေက အင်္ဂါနေ့မှာ သတ်ပစ်နေတာကို ရိုက်ကူး ထားတဲ့ ဗွီဒီယိုကို အင်တာနက်ပေါ်မှာ တွေ့ရတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
လက်နက်ကိုင်တွေက “ဘုရားသခင်ဟာ ကြီးကျယ်မြင့်မြတ်တယ်” လို့ ကြွေးကျော်အော်ဟစ်ပြီး ဖမ်းဆီးထားသူ တွေကို အဆောက်အဦး တခုထဲကနေ ဆွဲခေါ်ထုတ်လာပြီးတော့ ရိုင်ဖယ်သေနတ်တွေနဲ့ ပစ်သတ်တာကို ဗွီဒီယို ရိုက်ထားပါ တယ်။ သေဆုံးသွားသူတွေရဲ့ ခန္ဓာကိုယ်တွေကိုလည်း မြေပြင်ပေါ်မှာ တွေ့ရပါတယ်။
အသတ်ခံလိုက်ရသူတွေထဲက တယောက်ဟာ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ် (Bashar al-Assad) ကို သစ္စာခံ တဲ့ ပြည်သူ့စစ်အဖွဲ့တခုရဲ့ခေါင်းဆောင်ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ က ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ ၁၇ လ ကြာလာပြီ ဖြစ်တဲ့ ပုန်ကန်ထကြွမှုအတွင်း အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားကို ကျူးလွန်ခဲ့တယ် လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။
သမ္မတအာဆဒ်ကိုလိုလားတဲ့ ပြည်သူ့စစ်တွေနဲ့ အစိုးရတပ် တွေကတော့ အဆိုးရွားဆုံး ချိုးဖောက်မှုတွေကို ကျူးလွန်ထားကြတယ်လို့ ပြောပါတယ်။