သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယယာဉ်တိုက်မှု လူ ၄၀ မက သေဆုံး


အိန္ဒိယနိုင်ငံ တောင်ပိုင်းက အဝေးပြေး ကားလမ်းပေါ်မှာ ဘတ်စ်ကားတစင်း မတော်တဆမှု ဖြစ်ပွားပြီး မီးလောင်ခဲ့ရာက လူ ၄၀ ထက်မနည်း သေဆုံးသွားပါတယ်။

Andhra Pradesh ပြည်နယ်မှာ ပုဂ္ဂလိကပိုင် ပြေးဆွဲနေတဲ့ ဘတ်စ်ကားတစင်းက တခြား ကားတစင်းကို ကျော်တက်ဖို့ ကြိုးပမ်းရာက လမ်းဘေး အကာအရံတွေကို ဝင်တိုက်မိခဲ့တဲ့ မတော်တဆမှုမှာ သေဆုံးသူတွေဟာ မီးလောင်ခံရတာကြောင့် ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယာဉ်မောင်းသူနဲ့ နောက်ထပ် တခြား ၅ ယောက်ကတော့ ပြတင်းပေါက်တွေကနေ ထွက်ပြေး လွတ်မြောက်ခဲ့ကြတာပါ။ အချိန်မီ ထွက်မပြေးနိုင်ပဲ သေဆုံးခဲ့ကြတဲ့ တခြားခရီးသည်တွေ ကတော့ မတော်တဆမှု ဖြစ်ပွားချိန်မှာ အိပ်ပျော်နေပုံရတယ်လို့လည်း ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။

ယဉ်မောင်းသူတွေရဲ့ ရမ်းကားမှုနဲ့ လမ်းတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ အားနည်းတာတွေအပေါ် အဓိက အခြေခံ ဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ကားလမ်း မတော်တဆမှု ဖြစ်ပွားနှုန်းကတော့ သိသိသာသာ မြင့်မားနေတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အိန္ဒိယနိုင်ငံဟာ လမ်းပေါ်က မတော်တဆမှုတွေကြောင့် သေဆုံးမှုနှုန်း ကမ္ဘာပေါ်မှာ အများဆုံးအဖြစ် မှတ်တမ်းတင်ထားပါတယ်။ အိန္ဒိယရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရဆိုရင်လည်း လမ်းပေါ်က မတော်တဆမှုကြောင့် နှစ်စဉ်သေဆုံးသူနှုန်းဟာ ၁ သိန်း ၁ သောင်းကျော်အထိ ရှိနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG