သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် မြင်းသားတွေ မှာ မြင်း ကျွေး အကိုက်အခဲ ပျောက်ဆေး တွေ့ရှိ


ဥရောပတခွင် မြင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေစဉ်
ဥရောပတခွင် မြင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေစဉ်
မြင်းတွေကို ကျွေးတဲ့ အကိုက်အခဲပျောက်ဆေး ဟာ မြင်းသားတွေကတဆင့် ပြင်သစ်ကစားသုံးသူတွေ ဆီ ရောက်ကောင်း ရောက်သွားနိုင်တယ်လို့ ဗြိတိန်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောကြား ခဲ့ပါတယ်၊ သတ်ဖြတ်ထားတဲ့ မြင်း ၂၀၆ ကောင်ကို စစ်ဆေးခဲ့ရာ မှာ မြင်း ၈ ကောင်ဆီမှာ Bute လို့ လူသိများတဲ့ အကိုက်အခဲပျောက်ဆေးတွေ ကို တွေ့ရှိခဲ့တယ်လို့ ဗြိတိန်နိုင်ငံက အစားအသောက် စံချိန် စံနှုန်းဆိုင်ရာအေဂျင်စီက ပြောပါတယ်။

အဲဒီမြင်း ၈ကောင်ထဲက ၆ ကောင်ကို အင်္ဂလိပ်သားသတ်ရုံတခု ကနေ ခုတ်ထစ် ထုတ်ပိုးပြီး ပြင်သစ် ကို ပို့ခဲ့တဲ့ အတွက် အစားအသောက်တွေ ထဲကို ရောက်ကောင်း ရောက်သွားနိုင်တယ် လို့ပြော ပါတယ်။ အေဂျင်စီ အနေနဲ့ ပြင်သစ် တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး ဒီအသားတွေ ဘယ်ရောက်သွားလဲ ဆိုတာ ခြေရာခံဖို့ ကြိုးစားနေတယ် လို့လည်း ပြောပါတယ်။ မြင်းသားတွေထဲမှာ တွေ့ရတဲ့ ဆေးပမာဏ ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြေ သိပ်ကိုနည်းတယ်လို့ ဗြိတိန်ရဲ့ ဆေးဘက်ဆိုင်ရာ အကြီးအကဲက ကြာသပတေးနေ့က ပြောပါတယ်။

Brute လို့သိကြတဲ့ အကိုက်အခဲပျောက်ဆေးဟာ မြင်းတွေကို ကျွေးတာဖြစ်ပေမဲ့ Arthritis
အဆစ်ရောင်ရောဂါသည်တွေကိုလဲ တခါတရံမှာ ပေးတယ်လို့ သူကပြောပါတယ်၊ လူတွေဆီမှာ စိုးရိမ်ရလောက်တဲ့ ဘေးထွက်ဆိုကျိုးရှိသူ အင်မတန်ရှားတယ်လို့လဲ ဗြိတိန် ဆေးဘက်ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။ ပြင်သစ်နိုင်ငံက Spanghero အသားတွေကို ပြင်ဆင်၊ ထုတ်ပိုးတဲ့ကုမ္ပဏီဟာ မြင်းသားတွေလို့ သိရက်နဲ့ အမဲသားဆိုပြီး ရောင်းချခဲ့တယ်ဆိုတာ စုံစမ်းသိရတယ်လို့ ပြင်သစ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG