သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ငွေ့စက်ရုံ အတိုက်ခံပြီးနောက် ပြင်သစ် Rhone-Alpes နယ် လုံခြုံရေး အဆင့်မြှင့်


Lyon မြို့ အရှေ့တောင်ဘက် Saint-Quentin-Fallavier ဆိုတဲ့ မြို့ငယ်လေးက စက်ရုံ အတိုက်ခိုက်ခံရ (ဇွန် ၂၆၊ ၂၀၁၅)
Lyon မြို့ အရှေ့တောင်ဘက် Saint-Quentin-Fallavier ဆိုတဲ့ မြို့ငယ်လေးက စက်ရုံ အတိုက်ခိုက်ခံရ (ဇွန် ၂၆၊ ၂၀၁၅)

ပြင်သစ်နိုင်ငံ၊ Rhone-Alpes အရပ်က သဘာဝဓာတ်ငွေ့စက်ရုံတခုကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် အဲဒီဒေသရဲ့ လုံခြုံရေးသတိပေးချက် အဆင့်ကို မြှင့်နိုင်သမျှ အမြင့်ဆုံးဖြစ်တဲ့ “တိုက်ခိုက်မှု” ဆိုတဲ့အဆင့်ထိ တိုးမြှင့်ထားတယ်လို့ ပြင်သစ် သမ္မတ ဖရွန်ဆွာ အော်လန်းဒ်က ပြောပါတယ်။

Lyon မြို့ အရှေ့တောင်ဘက် Saint-Quentin-Fallavier ဆိုတဲ့ မြို့ငယ်လေးက စက်ရုံမှာ တိုက်ခိုက်ခံရပြီး နာရီအတော်အကြာ သောကြာနေ့ နေ့လည်ပိုင်းမှာ လုံခြုံရေး ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးတခုအပြီး မစ္စတာအော်လန်းဒ်က အဲဒီလိုပြောတာပါ။

အဲဒီ ဓာတ်ငွေ့စက်ရုံကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာ ပြင်သစ် တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။ အဲဒီမှာ လူသေ အလောင်းတခုနဲ့ ဖြတ် ထားတဲ့ ဦးခေါင်းတလုံးတို့ကို အာရပ်ဘ်ဘာသာ စကားနဲ့ ရေးထားတဲ့ စာတန်းတွေနဲ့ အုပ်ထားတာတွေ့ရပါ တယ်။ အနားမှာလဲ အစ္စလာမ်အစွန်းရောက်ဝါဒ စာတွေပါတဲ့ အလံတခုကိုတွေ့ရပါတယ်။ သေဆုံးသွားသူက အလုပ်ပေးထားတယ်လို့ ယုံကြည်ရသူ လူတဦးကို အာဏာပိုင်တွေက ဖမ်းထားပါတယ်။

ဒါဟာ ဆိုးသွမ်း ရက်စက်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve ကဆိုပြီး ခြိမ်းခြောက်မှုကို ချေဖျက် လုပ်ဆောင်ပြီးပြီ လို့ ပြောပါတယ်။ သံသယနဲ့အဖမ်းခံထားရတဲ့ Yassine Salhi ဟာ ပြစ်မှုကျူးလွန်ဖူးတဲ့ မှတ်တမ်းမရှိပေ မဲ့ အစ္စလာမ်အစွန်းရောက် ဝါဒီတဦး ဖြစ်နိုင်ခြေရှိတာကြောင့် စောင့်ကြည့်နေသူထဲမှာပါတယ်လို့ Cazeneuve က အခင်းဖြစ်တဲ့ နေရာမှာပြောပါတယ်။

XS
SM
MD
LG