သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဆန္ဒပြပွဲ အခြေအနေတည်ငြိမ်


ဆန္ဒပြမူဆလင်တချို့။
ဆန္ဒပြမူဆလင်တချို့။
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရဲ့ ဆင်ခြေဖုံးဒေသမှာ မူဆလင်အမျိုးသမီး မျက်နှာဖုံးအုပ်မှု တားမြစ်ချက်ကို ဆန့်ကျင်ကန့်ကွက်ရာက သောကြာနေ့ညမှာ အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တယောက်က မူဆလင် အမျိုးသမီးတယောက်ရဲ့ မျက်နှာ ဖုံးထားတာကို စစ်ဆေးချိန်မှာ ရဲအရာရှိကို အမျိုးသမီးရဲ့ ခင်ပွန်းသည်က သည်းကြီးမည်းကြီး တိုက်ခိုက်ခဲ့တဲ့အတွက် သူ့ကို ထရက်ပ်စ် မြို့ ရဲစခန်း တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ရာကနေ အခုလိုအကြမ်းဖက်မှု ဖြစ်ခဲ့ရတာပါ။

ဖမ်းဆီးမှုကို မကျေနပ်ကြတဲ့ လူ ၂၅၀ လောက်ဟာ ရဲစခန်းအပြင်ဘက်မှာ စုဝေးခဲ့ကြပြီး ရဲစခန်းကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး ဖျက်ဆီးခဲ့ကြသလို အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့တွေနဲ့လည်း ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။ အဲဒီ အဓိကရုဏ်းအတွင်း လူ ၆ ဦး အဖမ်းခံခဲ့ရပြီး အသက် ၁၄ နှစ်အရွယ် ကောင်လေးတယောက် မျက်လုံးမှာ ကျည်ဖူးထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရသွားတယ် လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

စနေနေ့ မနက်ပိုင်းမှာ အခြေအနေကို ပြန်ထိန်းထားနိုင်ပြီဖြစ်ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ထရက်ပ်စ် မြို့အတွင်းမှာ အခြေအနေ လုံးဝ အေးဆေးငြိမ်သက်သွားတဲ့အထိ စစ်ကူတပ်ဖွဲ့တွေ ဆက်ရှိနေဦးမှာ ဖြစ်ကြောင်းပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစလို့ အမျိုးသမီးတွေ လူမြင်ကွင်းမှာ မျက်နှာကို အဝတ်စနဲ့ ဖုံးကွယ်တာဟာ ဥပဒေကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မူဆလင်အမျိုးသမီးတချို့ဟာ ဘာကာ လို့ခေါ်တဲ့ မျက်လုံးကိုပဲ ဖော်ထားပြီး ခန္ဓာကိုယ်တခုလုံး ဖုံးကွယ်ထားတဲ့ ဝတ်ရုံကိုဖြစ်စေ၊ မျက်လုံးကိုပဲ ဖော်ထားတဲ့ ခေါင်းပိုင်း ခြုံထည်ကိုဖြစ်စေ ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG