သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ် အကြမ်းဖက်မှုဖြစ်နိုင်ခြေ ပြင်သစ်သမ္မတ သတိပေး


ပြင်သစ်သမ္မတ Francois Hollande
ပြင်သစ်သမ္မတ Francois Hollande

ပြင်သစ်နိုင်ငံကိုသာမက တူနီးရှားနဲ့ ကူဝိတ်နိုင်ငံတွေမှာပါ သောကြာနေ့ကအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွါးသွားပြီတဲ့နောက် ပြင်သစ်နိုင်ငံအတွင်း နောက်ထပ်တိုက်ခိုက်မှုတွေဖြစ်လာနိုင်တယ်လို့ ပြင်သစ် ဝန်ကြီးချုပ် Manuel Valls က ဒီကနေ့မှာပြောပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ပြီး နာရီပိုင်းအတွင်း လူပေါင်း ဒါဇင်နဲ့ချီပြီး သေဆုံးသွားခဲ့ရတာပါ။

ကမ္ဘာ့ခေါင်းဆောင်တွေဟာ ဒီတိုက်ခိုက်မှုကို ဝိုင်းပြီး ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ နိုင်ငံခြားသား အများစုပါတဲ့ လူပေါင်း သုံးဒါဇင်ကျော် သေဆုံး သွားခဲ့တဲ့ တူနီးရှားကမ်းခြေကဟော်တယ်တခုကိုတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်နဲ့ လူ၂ဝ ကျော်သေဆုံးခဲ့တဲ့ကူဝိတ်က ရှီယိုက် လူမျိုးစု ဗလီကျောင်းတခုကို တိုက်ခိုက်ခဲ့တာဟာလည်း သူတို့ရဲ့လုပ်ရပ်ဖြစ်တယ်လို့ IS တွေကဆိုပါတယ်။

ပြင်သစ်မှာတော့ အမေရိကန်အခြေစိုက် ဓာတ်ငွေ့ဆိုင်တခုထဲကို တိုက်ခိုက်ရေးသမားက ကားမောင်းဝင်တိုက်ခဲ့ပြီး စီးပွားရေးသမား တယောက်ကို ခေါင်းဖြတ်သတ်ခဲ့တာပါ။ ဒီလုပ်ရပ်အတွက်သံသယရှိသူကိုဖမ်းမိထားပြီလို့ အာဏာပိုင်တွေကပြောပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်အတွက် တာဝန်ရှိသူတွေကို တရားဥပေဒအတိုင်းအဆုံးအဖြတ်ပေးနိုင်အောင်သူတို့ကို ဥပဒေရှေ့မှောက်ခေါ်လာရမယ်လို့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကပြောပါတယ်။

XS
SM
MD
LG