သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရထားတိုက်ခိုက်မှု ဟန့်တားသူတွေ ပြင်သစ်ဂုဏ်ပြု


သောကြာနေ့က နယ်သာလန် ပြင်သစ်ပြေးဆွဲတဲ့ Thalys ကျည်ဆံရထားပေါ်မှာ လက်နက်အမြောက်အများနဲ့ တိုက်ခိုက်ဖို့ ကြံတဲ့သူကို ဝိုင်းဖမ်းပေးခဲ့တဲ့ အမေရိကန် နိုင်ငံသား ၃ ဦးနဲ့ ဗြိတိသျှနိုင်ငံသား ၁ ဦးတို့ကို ပြင်သစ်သမ္မတ Francois Hollande က ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး Legion of Honor ဂုဏ်ထူးဆောင်ဆုတွေကို ဒီကနေ့ပဲ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ပါရီမြို့တော်မှာ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားမှာ သမ္မတ Hollande က ဗြိတိန်နိုင်ငံက Chris Norman နဲ့ အမေရိကန်တွေဖြစ်တဲ့ Spencer Stone, Alek Skarlatos နဲ့ Anthony Sadler တို့ရဲ့ ရင်ဘတ်မှာ ဆုတံဆိပ်ချိတ်ပေးခဲ့ပါတယ်။

အရင်သီတင်းပတ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု အဖြစ်အပျက်ကြားက သူတို့တွေရဲ့ လုပ်ဆောင်ချက်က ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနဲ့ မျှော်လင့်ချက်ရောင်ခြည်ရဲ့ ပြယုတ်ဖြစ်တယ်လို့ ပြင်သစ်သမ္မတက ပြောသွားပါတယ်။ အကြမ်းဖက်သမားတယောက်က တိုက်ခိုက်ဖို့ လုပ်ဆောင်တယ်၊ အကြီးအကျယ် ထိခိုက်ပျက်စီးအောင်လုပ်ဖို့ သူ့မှာ လက်နက်ခဲယမ်း အပြည့်အစုံလည်းပါတယ်၊ သူ့ကိုသာ အသက်စွန့်ပြီး ဝင်မတိုက်ဘူးဆိုရင် သူက အဆုံးအရှုံး အများကြီးဖြစ်အောင် တိုက်ခိုက်လိုက်နိုင်မှာပါလို့ သမ္မတ Hollande က ပြောသွားပါတယ်။

XS
SM
MD
LG