မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေကနေ ပြဌာန်းအတည်ပြုပေးထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်လို့ဆိုပြီးတော့ ဖမ်းဆီးမှု၊ တရားစွဲဆိုမှုတွေလည်း တိုးပွားလာနေတာကြောင့် အစိုးရသစ်က ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေဟာ တခုနဲ့တခု ဆန့်ကျင်ရာ ကျနေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စီတန်းလမ်းလျောက်မူ ဥပဒေကို ပြဌာန်းပြီးတဲ့နောက်မှာတော့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မူတွေ လုပ်လာတာကြောင့်ဆိုပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုမူတွေ များလာကြောင်း ဒီဥပဒေပြဌာန်းမူဟာ တစ်ခုနဲ့တစ်ခု ဆန့််ကျင်နေတဲ့ အကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေနေ ကိုသိန်းသန်းဦးကပြောပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရင်တော့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၃၅၄မှာ နိုင်ငံသားအခွင့်အရေးတွေ ပေးထားတာရှိတယ်လေ။ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်တို့၊ စုဝေးခွင့်တို့ ရှိတယ်လေ။ အဲ့တာတွေပေးကြောင်း နိုင်ငံတကာသိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတယ်။ နောက်တခါ ဒီဘက်က ခုနက၂၀၁၁ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ပေါ့နော်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြမှု ဥပဒေနဲ့ ပြန်ကန့်သတ်ထားတာခင်ဗျ။ အဲ့တာကို ကျနော်တို့ ရှေ့နေများကွန်ယက်က အဲ့ဒီ့ကိစ္စကို တင်နေတာတွေရှိပါတယ်။ ဒီနေ့ဆိုလည်း ကိုမင်းကိုနိုင်တို့နဲ့ ကျနော်တို့ အဲ့ဒီ့ကိစ္စကို ဆွေးနွေးတယ်။ ဒီကိစ္စကို ဘယ်လိုတင်ကြမလဲပေါ့နော်။ ဘာဖြစ်လို့တုန်းဆိုတော့ ပုဒ်မ ၁၈က တော်တော်ကို ဒုက္ခပေးနေပြီ။ ရုတ်တရက်ကြည့်လို့ရှိရင်တော့ စည်းကမ်းတကျ လုပ်ပိုင်ခွင့်ရအောင် ပြဌာန်းထားတယ်လို့ ထင်သယောင်ရှိပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဆန့်ကျင်နေရာကျတယ်။”
ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မူ ပုဒ်မ ၁၈၊ ဆူပူအောင်လှုံ့ဆော်မူ ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်က မနော်အုန်းလှ အပါအဝင် အမျိုးသမီး ၅ဦးဟာ ရန်ကုန်တိုင်းမြို့နယ် ၁၀မြို့နယ်က အာဏာပိုင်တွေရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရတာကြောင့် ရုံးတင်စစ်ဆေးခံနေရပါတယ်။ မနော်အုန်းလှပြောပြတာက -
“အားလုံးပေါင်းရင်တော့ ကျမတို့ အမျိုးသမီးကွန်ယက်က ပုဒ်မ ၁၈နဲ့ ၅၀၅ (ခ) နဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ယက် ၅ယောက်ပါတယ်။ ၅ယောက်မှာ ၂၃မှု၊ ကျမတို့ အမျိုးသမီးကွန်ယက်ကလေ၊ အုပ်ချုပ်တဲ့ အုပ်ချုပ်သူတွေရဲ့ အပေါ်မှာ ကျမတို့က စာမတင်လို့ပေါ့နော်။ စာမတင်တဲ့အတွက် အကြောင်းမကြားလို့ အရေးယူတယ်ဆိုတဲ့ ပုံစံပေါ့။ ကျမတို့ကတော့ ဒီနည်းဥပဒေအရလည်း ကျမတို့က တင်စရာမလိုဘူး။ သူက ကန့်သတ်ချက်ရှိတယ်။ လူဘယ်နှစ်ယောက်၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဒါတွေပါတယ်အခါကျတော့ ကန့်သတ်ဖို့နော်။ ကျမတို့ က ကိုယ့်သဘောနဲ့ကိုယ်လာတယ်။ တစ်ယောက်စီ လာကြတယ်။ ကိုယ်ဆန္ဒနဲ့ကိုယ် ဒီရောက်မှ လုပ်ကြတဲ့အခါကျတော့ တင်လို့လည်း မရဘူး။ ကျမတို့ ဖြေရှင်းချက်ပေါ့လေ။ ကျမတို့လည်း ရဲစခန်းမှာ အဲ့သလို ဖြေရှင်းခဲ့ပါတယ်။ ကျမတို့က အစိုးရက ကျမတို့ရဲ့ ဒီမိုကရေစီကို ပိတ်ပင်တယ်လို့ မြင်ပါတယ်။”
မနော်အုန်းလှတို့ဟာ တဦးတည်းဆန္ဒသဘောအရ စီတန်းလမ်းလျောက်မူတွေကို ပြုလုပ်ခဲ့တာဖြစ်လို့ ခွင့်ပြုမိန့်တောင်းစရာမလိုဘူးလိုဆိုပါတယ် ဥပဒေကြောင်းအရပြောမယ်ဆိုရင်တော့ ပြဌာန်းထားတဲ့ ဥပဒေကိုက ပြဿနာဖြစ်နေတယ်လို့ ရှေ့နေကိုသိန်းသန်းဦးက ဆိုပါတယ်။
“ပြဌာန်းထားတဲ့ ဥပဒေကိုက ပြဿနာဖြစ်တယ်။ ဥပမာ အမေရိကန်မှာဆိုလို့ရှိရင် အမေရိကန်ပြည်ထောင်စု ပထမပြင်ဆင်ချက်မှာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ ပတ်သက်လို့ ဥပဒေပြဌာန်းထားပြီးတော့ မကန့်သတ်ရဘူးလို့ ဗြောင်ပြောထားတယ်။ တိတိကျကျ ပြောထားတယ်။ အခုက ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပုဒ်မ ၃၅၄မှာ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တို့၊ လွတ်လပ်စွာ ဟောပြောခွင့်၊ ထုတ်ဖော်ခွင့်တို့ ဒါတွေပေးထားတယ်ဗျာ။ ဒီ၂၀၁၁ “ ငြိမ်း စု စီ” ဥပဒေပေါ်လာတဲ့ အခါကျတော့ ပုဒ်မ (၄) အရ လျော့လိုက်ပြီးတော့ ပုဒ်မ ၅ အရ မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခွင့်ပေးထားတယ်ဗျာ။ ဒါ တကယ်တမ်းကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၈၁အရ ပြဌာန်းထားတာ နိုင်ငံသားများရဲ့ အခွင့်အရေးကို နံပတ်တစ်က ကျူးကျော်စစ်ဖြစ်နေတဲ့အချိန်၊ နံပတ်နှစ်က ပြည်တွင်းစစ် အရှိန်မြှင့်နေတဲ့အချိန်၊ တတိယအချက်က အရေးပေါ်အခြေအနေ ကြေညာထားတဲ့အချိန်က လွဲပြီးတော့ မရုပ်သိမ်းရဘူးဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခုနက ၂၀၁၁ ဥပဒေနဲ့ ငြိနေတယ်ဗျ။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပင်မဥပဒေဖြစ်တဲ့အတွက် အဲ့ဒီ့အခွင့်အရေးကို နိုင်ငံသားတွေက ကျင့်သုံးခွင့်ရှိပါတယ်။ ကျနော်တို့ ယူဆတာက။ အဲ့တော့ ဥပဒေ အာနိသင်အရ ပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၈ (က) အရ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပျက်တယ်လို့ ကျနော်တို့ ယူဆရမှာပါ။ ဒါဥပဒေပြဿနာပါ။"
လွတ်လပ်စွာ စီတန်းလှည့်လည်မူဥပဒေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ တကိုယ်တော်ဆန္ဒပြမူတွေနဲ့ ခွင့်ပြုမိန့်မတောင်းဘဲ မိမိတဦးချင်းသဘောနဲ့ ဆန္ဒပြတယ်ဆိုပြီး အစုအဝေးနဲ့ ဆန္ဒပြမူတွေလည်း ဖြစ်လာခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီဆန္ဒပြမူတွေကို ဦးဆောင်သူလို့ ယူဆရသူတွေကို လိုက်လံဖမ်းဆီးပြီး ပုဒ်မ ၁၈နဲ့ အရေးယူတာာတွေကို လုပ်ခဲ့တာကြောင့် အခုဆိုရင် ပုဒ်မ၁၈နဲ့ တရားစွဲဆိုခံရမူတွေ အများအပြားဖြစ်လာတယ်လို့ ရှေ့နေများကွန်ယက်ကပြောဆိုပါတယ်။