လျှပ်စစ်မီတာခတွေကို အိမ်သုံးအတွက် ၁ ယူနစ်ကို ၂၅ ကျပ်ကနေ ၃၅ ကျပ်၊ စီးပွားရေးလုပ်ငန်းအတွက်ဆိုရင် ၁ ယူနစ်ကို ၇၅ ကျပ်ကနေ ၁၀၀-၁၅၀ အထိ ကောက်ခံသွားမယ့် အစိုးရရဲ့ မီတာခ တိုးမြှင့်မယ့်အစီအစဉ်ကို လတ်တလော ဆိုင်းငံ့ထားမယ်လို့ လျှပ်စစ်ဝန်ကြီးက ပြောပါတယ်။
မီတာခ တိုးမြှင့်ကောက်ခံရေး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်အထိ ဆိုင်းငံ့ထားမယ့်အကြောင်း မနေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လာရောက် ထွက်ဆိုသွားတာပါ။ ဒီလိုဆိုင်းငံ့မှုကို လုပ်ငန်းရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုလိုက်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် က ရန်ကုန်ကနေ သတင်းပေးပို့ခဲ့ပါတယ်။
မီတာခတွေ တိုးမြှင့်မှာကို ပြန်လည် စဉ်းစားသုံးသပ်ပေးဖို့ လွှတ်တော်မှာတင်ပြပြီး ၄ ရက်အကြာမှာပဲ မီတာခတွေ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ဆိုင်းငံ့ထားလိုက်ပြီလို့ ပြည်ထောင်စုလွှတ်တော်မှာ တရားဝင် ကြေညာခဲ့တာပါ။
လျှပ်စစ်ဓာတ်အားခတွေ တိုးမြှင့်တာတွေကို လတ်တလော လုပ်ဆောင်ဖို့ မရှိတော့ဘူးဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဆွေနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ ဓာတ်အားခတွေ မတိုးတော့ဘူးဆိုပြီးတော့ ပြောသွားခဲ့တာ ဖြစ်တယ်လို့ မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် က ပြောပါတယ်။
“ဝန်ကြီးဌာနအနေနဲ့ကတော့ အန်ကယ်လ်တို့ အဆိုပြုတဲ့အတိုင်းပဲ ဈေးနှုန်း တိုးမြှင့်တာကို ပြန်လည်လျှော့ချဖို့နဲ့ အဲ့လို ပြန်လည်လျှော့ချဖို့အတွက် သုံးသပ်စဉ်ကာလအတွင်းမှာ တိုးမြှင့်ပြီးတော့ တောင်းခံတာကိုပေါ့လေ ရပ်ဆိုင်းပေးဖို့နဲ့ ဆောင်ရွက်မှုအခြေအနေကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန် ၂၀၁၄-၂၀၁၅ မှာ ပြန်လည်ပြီးတော့ သုံးသပ်ပြီးတော့မှ အခြေအနေမှန်ကို အသေးစိတ်လုပ်ပြီးတော့မှ ပြန်ပြီး တင်ပြဖို့ဆိုပြီး အဲ့ဒီအဆိုကို ဒါ သဘောတူသွားပါတယ်။”
လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ အရှုံးခံပြီး ဓာတ်အားဝန်ဆောင်မှုတွေ ပေးနေ ရတာကြောင့် အခုလို ဓာတ်အားခ တိုးမြှင့်ဖို့ လုပ်ဆောင်ရတာဖြစ်တယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
မီတာခတွေ တိုးမြှင့်တာကို ယာယီ ရပ်ဆိုင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားတဲ့ ဦးအေးမောက်ရဲ့ အဆိုအပေါ်မှာ ထောက်ခံပြီးတော့ ဂွမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာနဲ့ မန္တလေးတိုင်းဒေသကြီးရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်တို့က ဝန်ကြီးဌာနအနေနဲ့ရှုံးနေတယ်ဆိုရင် လက်ရှိ ဓာတ်အားပေးနေတဲ့ အခြေအနေတွေမှာ အလေအလွင့် အဆုံးအရှုံး မရှိအောင် လုပ်ဖို့တွေကိုလည်း ပြန်လည် ထောက်ပြ ပြောဆိုခဲ့ပါတယ်။
မီတာခတွေ လတ်တလောမှာ တိုးမြှင့်ဖို့ မရှိတော့တဲ့အတွက် စီးပွားရေးသမားတွေ အနေနဲ့လည်း အသက်ရှု အနည်းငယ် ချောင်သွားခဲ့တယ်လို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောပါတယ်။
“လောလောဆယ် လုပ်ငန်းအခြေအနေတော့ အသက်ရှုချောင်သွားတာပေါ့။ ကျနော်တို့ ငါးနဲ့ပတ်သက်ရင်တော့ ငါးက လျှပ်စစ်နဲ့ပတ်သက်တာကတော့ ကျနော်တို့က နှစ်မျိုးပေါ့ဗျာ အဓိကက တိုက်ရိုက်ပတ်သက်တာကတော့။ အအေးခန်းတွေက လျှပ်စစ်ဓာတ်အားကို မဖြစ်မနေ သုံးရမယ်ဗျာ။ မသုံးလို့ မဖြစ်ဘူးပေါ့နော်။ နောက်တခါ ရေခဲစက်တွေကလည်း လျှပ်စစ်ဓာတ်အားကို သုံးပြီးတော့ လည်ရတယ်ပေါ့။ အဲ့တော့ အဲ့ဒီလျှပ်စစ်ဓာတ်အားခ ဈေးတက်မှုဟာ အအေးခန်းစရိတ်ကိုရော၊ ရေခဲထုတ်ရတဲ့အတွက်ကြောင့် ရေခဲဖိုး တက်လာတဲ့ ထုတ်လုပ်မှုစရိတ်ကိုရောပေါ့ဗျာ အရှုံးကို ရင်ဆိုင်ရတဲ့အခါမှာ အဲ့ဒါကြောင့် ကုန်ကျစရိတ်သိပ်များပြီးတော့ အဆင်မပြေဖြစ်နိုင်တယ်။”
မီတာခတွေ မတက်တော့ဘူးဆိုတဲ့ အဖြေ ထွက်လာပေမဲ့ လွှတ်တော်ရဲ့ တင်ပြမှုဟာ နောက်ကျနေပြီး ဒီမိုကရေစီခေတ်မှာ လွှတ်တော်က အရင် ဦးမဆောင်ဘဲ ပြည်သူတွေ နောက်ကလိုက်ပြီးမှာ ပြည်သူ့အင်အားယူပြီးမှ ပြောဆိုတာထက် နောက်ပိုင်းမှာ ပြည်သူ့ရှေ့က အရင် ဆောင်ရွက်ပေးသင့်တယ်လို့လည်း မီတာခ လျော့ကျရေးမှာ ပါဝင် တက်ကြွလှုပ်ရှာခဲ့တဲ့ ကိုစည်သူက ပြောပါတယ်။
“အမှန်တကယ်ကတော့ ပြည်သူတွေ မတောင်းဆိုခင်ကတည်းကကို လွှတ်တော်မှာက ပြည်သူတွေအတွက်ကို လွှတ်တော်က တောင်းဆိုပြီးသား ဖြစ်နေရမှာပေါ့။ ဒါပေမဲ့ ပြည်သူတွေ လမ်းပေါ်ထွက်လာရတယ်။ လမ်းပေါ်ထွက်လာပြီးမှ လွှတ်တော်က ဒီလိုမျိုး ပြည်သူတွေအတွက် ညှိနှိုင်းပေးတယ်ဆိုတဲ့ အခြေအနေတခုဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေအနေတခု မဟုတ်သေးဘူးလို့ ကျနော် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်မှာရှိတဲ့ လွှတ်တော်အမတ်တွေက ပြည်သူတွေအတွက် အကျိုးပြုရမယ်ဆိုပြီးတော့ လူထုဆီက မဲဆန္ဒကို ယူထားတာလေ။ အဲတော့ ကျနော်တို့ ပြည်သူတွေ လမ်းပေါ်ထွက်မှ ဒီလိုမျိုး လွှတ်တော်မှာ တောင်းဆိုပေးတယ်ဆိုတဲ့ အခြေအနေတခုဟာ နည်းနည်းတော့ နောက်ကျနေသေးတယ်လို့ ကျနော် ထင်တယ်ဗျ။”
လျှပ်စစ်ဝန်ကြီးဌာနက အောက်တိုဘာလ ၂၉ ရက်နေ့မှာ မီတာခတွေကို နိုဝင်ဘာလ အသုံးပြုတဲ့ထဲက တိုးမြှင့်တော့မယ်ဆိုပြီး ပြောဆိုခဲ့တာကြောင့် နိုဝင်ဘာလ ၆ ရက် ကနေ ၈ ရက်နေ့ထိ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ အကြီးအကျယ် ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။