သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူအစီအစဉ် မစွန့်လွှတ်ရင် ပြင်သစ် အရေးယူမှု ဆက်ထားမည်


ပြင်သစ်သမ္မတ Francois Hollande (ဝဲ) အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့အား Ben Gurion လေဆိပ်တွင် တွေ့ရစဉ်။ (နိုဝင်ဘာ ၁၇၊ ၂၀၁၃)
ပြင်သစ်သမ္မတ Francois Hollande (ဝဲ) အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့အား Ben Gurion လေဆိပ်တွင် တွေ့ရစဉ်။ (နိုဝင်ဘာ ၁၇၊ ၂၀၁၃)
သံသယရှိနေကြတဲ့ နျူကလီယားလက်နက်အစီအစဉ်တွေကို အီရန်နိုင်ငံက စွန့်လွှတ်တယ်ဆိုတာသေချာတဲ့အချိန်ထိ ပြင်သစ်အစိုးရက အီရန်အပေါ် ပိတ်ဆို့မှုတွေနဲ့ ဖိအားတွေကို ဆက်ပြီးထိန်းထားမယ်လို့ ပြင်သစ်သမ္မတ Francois Hollande ကပြောဆိုလိုက်ပါတယ်။

အစ္စရေးခေါင်းဆောင်တွေရဲ့ ၃ ရက်ကြာ ပြင်သစ်ခရီးစဉ် ပထမနေ့မှာ သမ္မတ Hollande က အခုလိုပြောဆိုလိုက်တာပါ။ နျူကလီယား လက်နက်ပြန့်ပွားရေးကို ပြင်သစ်က သည်းခံမှာမဟုတ်ကြောင်း၊ ပြင်သစ်နိုင်ငံဟာ အစ္စရေးနိုင်ငံရဲ့ မိတ်ဆွေအဖြစ် အမြဲရပ်တည်မှာ ဖြစ်ကြောင်း အစ္စရေးခေါင်းဆောင်တွေကို လေဆိပ်မှာကြိုဆိုတဲ့အခမ်းအနားမှာ Hebew ဘာသာစကားနဲ့ Mr. Hollande ကပြောဆို လိုက်တာပါ။

အီရန်သမ္မတအဖြစ် သြဂုတ်လစပြီး တာဝန်ယူခဲ့တဲ့ သမ္မတ Hassan Rouhani နဲ့ ပြင်သစ်နဲ့ တခြားအင်အားကြီး ၅ နိုင်ငံတို့က အီရန်အပေါ် ပိတ်ဆို့မှုတွေ လျှော့ပေးဖို့ စေ့စပ်ဆွေးနွေးနေကြချိန်မှာ အစ္စရေးက မလျှော့ပေးဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ အီရန်ကသာ နျူကလီယားလက်နက်တွေ ပိုင်ဆိုင်ခဲ့ရင် အစ္စရေးနိုင်ငံ တည်ရှိမှုအတွက် ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ရှုမြင်နေတာပါ။ အီရန်ကလည်း အစ္စရေးနိုင်ငံ ကမ္ဘာ့မြေပုံကနေပျောက်ကွယ်သွားရေး မကြာခဏပြောဆိုနေတာဖြစ်ပါတယ်။
XS
SM
MD
LG