သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အသုံးစရိတ် ပြေလည်ရေး G-20 ဝန်ကြီးတွေ တိုက်တွန်း

G20 ဘဏ္ဍာရေးဝန်ကြီးများနဲ့ ကမ္ဘာ့ဘဏ်အကြီးအကဲ Jim Yong Kim အပါအဝင် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး Christine Lagarde၊ နှင့်အဖွဲ့။
G20 ဘဏ္ဍာရေးဝန်ကြီးများနဲ့ ကမ္ဘာ့ဘဏ်အကြီးအကဲ Jim Yong Kim အပါအဝင် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး Christine Lagarde၊ နှင့်အဖွဲ့။
အမေရိကန်ပြည်ထောင်စုအနေနဲ့ အသုံးစရိတ်အရေး နိုင်ငံရေးအရ အဖြေရှာ မရဖြစ်နေတာကို အမြန်ဆုံးပြေလည်အောင်ဖြေရှင်းကြပါရန် ကမ္ဘာ့စီးပွားရေး ဦးဆောင် ဘဏ္ဍာရေးဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာမှာ စီးပွားရေးအင်အားအတောင့်တင်းဆုံး အမေရိကန်ပြည်ထောင်စု အနေ နဲ့ ဘဏ္ဍာရေး အခြေအနေ မရေမရာဖြစ်နေတာကို ရေတို အဖြေရှာနိုင်ရေး ချက်ချင်း အရေးတယူလုပ်ကြဖို့လို အပ်နေပြီလို့ G-20 စက်မှုနိုင်ငံ ၂၀ ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးကနေ သောကြာနေ့က တိုက်တွန်းလိုက်တာပါ။

သမ္မတအိုဘားမားနဲ့ အတိုက်အခံ ကွန်ဂရက်စ်လွှတ်တော်အမတ်တွေအကြား မပြေမလည်ဖြစ်နေတာကြောင့် တခြားနိုင်ငံတွေကိုပါ ထိရောက်မှု ရှိနေတယ်လို့ ရုရှားဘဏ္ဍာရေးဝန်ကြီး Anton Siluanov ကပြောပါတယ်။ ဒီအကြပ်အတည်းကို အဖြစ်နိုင်ဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းကြလိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်းပြော ပါတယ်။

အမေရိကန်ကပေးရန်ရှိတဲ့တာဝန်တွေကိုပေးဖို့ ကန့်သတ်ထားတဲ့ ငွေ လက်ကျန်ဟာ ရှေ့သီတင်းပတ် ကြာသပတေးနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ သမ္မတနဲ့အတိုက်အခံ Republican တွေအကြား အသုံးစရိတ်ကန့်သတ်ချက်တိုးပေးရေး ပြေလည်မှု ရကောင်း ရနိုင်တယ်ဆိုတဲ့ သတင်းကြောင့် ကြာသပတေးနေ့က အမေရိကန် အစု ရှယ်ယာဈေးကွက် ဈေးတက်ခဲ့ပြီးနဲ့ အာရှအညွှန်းကိန်းတွေ သောကြာနေ့မှာ ဈေးတက်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပဈေးကွက်တွေကတော့ သောကြာနေ့က အသင့်အတင့်ဈေး တက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG