သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ပိတ်ဆို့မှု ဆက်ထားဖို့ G7 ခေါင်းဆောင်တွေ ဆုံးဖြတ်


ក្រុមអ្នកពន្លត់ភ្លើងដើរក្បួននៅលើវិថី Fifth Avenue ក្នុងក្បួនព្យុហយាត្រាមួយនៅក្នុងទិវា St. Patrick នៅទីក្រុងញូវយ៉ក។
ក្រុមអ្នកពន្លត់ភ្លើងដើរក្បួននៅលើវិថី Fifth Avenue ក្នុងក្បួនព្យុហយាត្រាមួយនៅក្នុងទិវា St. Patrick នៅទីក្រុងញូវយ៉ក។

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်အစိုးရအကြား ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲအောင် လုပ်ဆောင်ခြင်းမရှိရင် ရုရှားအပေါ်ချမှတ်ထားတဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို တင်းကြပ်ချမှတ်သွားမယ်လို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေက တနင်္လာနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

ယူကရိန်းပဋိပက္ခမှာ ရုရှားရဲ့ဝင်ရောက်စွက်ဖက်မှုနဲ့ မနှစ်က Crimea ကျွန်းဆွယ်ကို သိမ်းပိုက်လိုက်တဲ့ကိစ္စတွေကြောင့် ရုရှားအပေါ် ဖိအား ထပ်ပေးရေး အတွက် အားလုံးက တညီတညွတ်တည်း သဘောတူကြတယ်လို့ အမေရိကန် Barack Obama က ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin အနေနဲ့ ဆိုဗီယက်ပြည်ထောင်စုခေတ်က အောင်ပွဲခံခဲ့တဲ့ဆီကို ဦးတည်သွားနေတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို ထောက်ခံအားပေးပြီး တိုင်းပြည်စီးပွားရေး မှားယွင်းတဲ့ဘက်ကို ဦးတည်သွားနေတာကို လိုလားသလား၊ ဒါမှမဟုတ် ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားလိုက်နာမလားဆိုတာကို ရွေးချယ်ရမှာဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

ယူကရိန်းနိုင်ငံနဲ့ဆိုင်တဲ့ ရုရှားရဲ့အပြုအမူတွေဟာ ရုရှားနိုင်ငံနဲ့ ပြည်သူတွေကို အထိနာစေတယ်လို့ G7 ထိပ်သီးစည်းဝေးပွဲ ကျင်းပနေတဲ့ ဂျာမနီနိုင်ငံ Bavarian ဒေသမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတအိုဘားမားက အဲဒီလို ပြောကြားလိုက်တာပါ။

XS
SM
MD
LG