သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်မှုထိပ်သီး အစည်းအဝေး လုံခြုံရေးပိုင်း အဓိက ဆွေးနွေး


G-7 လို့ ခေါ်တဲ့ စက်မှု ထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ၂ ရက်ကြာ ညီလာခံ ကျင်းပ။
G-7 လို့ ခေါ်တဲ့ စက်မှု ထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ၂ ရက်ကြာ ညီလာခံ ကျင်းပ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ G-7 လို့ ခေါ်တဲ့ စက်မှု ထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ စတင်လိုက်ပြီ ဖြစ်တဲ့ ၂ ရက်ကြာ ညီလာခံ အတွင်း အဓိက ဆွေးနွေးမယ့်အထဲမှာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်မှုတွေလည်း ပါဝင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက အာဖဂနစ္စတန် နိုင်ငံခရီးစဉ် အပြီး တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို ရောက်ရှိသွားတာ ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ပြီးဆုံးခါနီး အချိန် အမေရိကန်တို့ နျူးကလီးယားဗုံးကျဲချခဲ့တဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို ပထမဆုံး သွားရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

ဟီရိုရှီးမား သတင်းစာ တစောင် ဖြစ်တဲ့ Chugoku Shimbun နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိပါးစေတဲ့ ကမ္ဘာတလွှား ခြိမ်းခြောက်မှု အများစုကို စုပေါင်းအားနဲ့ ဖြေရှင်းဖို့ လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ပြောဆိုခဲ့ပါတယ်။

အခု ဆွေးနွေးပွဲလိုမျိုး တွေ့ဆုံဆွေးနွေးမှုတွေဟာဆိုရင် နိုင်ငံတကာ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကို ဖြေရှင်းဆောင်ရွက်ဖို့နဲ့ လိုအပ်တဲ့ အခိုင်အမာ လုပ်ဆောင်မှုတွေ အပေါ်မှာ ရှင်းရှင်းလင်းလင်း တသံတည်း ပြောနိုင်ရေး အထောက်အကူ ဖြစ်စေတဲ့ အရေးကြီးတဲ့ အခွင့်အလမ်းတွေဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ပြောဆိုခဲ့ပါတယ်။

စက်မှုထိပ်သီးနိုင်ငံတွေထဲမှာတော့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန် နိုင်ငံတို့လည်း ပါဝင်ပါတယ်။ ဘရပ်ဆဲလ်နဲ့ ပါရီ မြို့တော်တွေမှာ လတ်တလော အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဥရောပ အဖွဲ့ဝင်နိုင်ငံ တချို့ကတော့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အကြမ်းဖက် အရေးကိစ္စတွေ အပြင် တောင်တရုတ်ပင်လယ်ပြင် အရေး၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပတိုက် နိုင်ငံတွေမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခသည် ပြဿနာတွေကိုလည်း အခု ညီလာခံမှာ ဆွေးနွေးကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG