သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေး အတုယူဖို့ အိုဘားမား တိုက်တွန်း


အမေရိကန်သမ္မတ အိုဘားမား Belfast က Waterfront Hall မှာ မိန့်ခွန်းပြောကြားနေစဉ် (၁၇ ဇွန် ၂၀၁၃)
အမေရိကန်သမ္မတ အိုဘားမား Belfast က Waterfront Hall မှာ မိန့်ခွန်းပြောကြားနေစဉ် (၁၇ ဇွန် ၂၀၁၃)
မြောက်ပိုင်းအိုင်ယာလန် ငြိမ်းချမ်းရေးဟာ ကမ္ဘာတလွှား ပဋိပက္ခတွေကြားမှာ နေထိုင်နေကြသူတွေအတွက် ငြိမ်းချမ်းရေးလမ်းစဉ် ပုံကြမ်း ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။

ငြိမ်းချမ်းရေးလမ်းစဉ်မှာ ပါမယ့် အချက်အလက်တွေကို ခေါင်းဆောင်တွေ က ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပေမဲ့ ငြိမ်းချမ်းရေး ကံကြမ္မာကိုတော့ ပြည်သူလူထုကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ တနင်္လာနေ့က Belfast မြို့က လူငယ်တွေကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောဆိုသွားတာပါ။

တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ပြုလုပ်မယ့် G – 8 စက်မှု ထိပ်သီး ၈ နိုင်ငံရဲ့ ထိပ်သီးညီလာခံ တက်ဖို့အတွက် သမ္မတ အိုဘားမားဟာ ဝါရှင်တန်ကနေ Belfast မြို့ကို တနင်္လာနေ့ မနက်မှာ ရောက်လာတာပါ။ ဒီထိပ်သီး စည်းဝေးပွဲအတွင်း ဆီးရီးယားသူပုန်တွေကို အမေရိကန်တို့က စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုတဲ့ ကိစ္စက ဦးစားပေးအဖြစ် ပါဝင်နိုင်ပါတယ်။ ထိပ်သီးစည်းဝေးပွဲအတွင်း ကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြဖို့ ရှိနေပါတယ်။

သမ္မတ အိုဘားမားဟာ ထိပ်သီးစည်းဝေးပွဲမတိုင်ခင် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) နဲ့ တနင်္လာနေ့ အစောပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

သမ္မတ အိုဘားမား ဟာ တနင်္လာနေ့မှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ တွေ့ဆုံပြီး ဆီးရီးယားအရေးကိစ္စကို ဆွေးနွေးကြ မှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ် (Bashar al-Assad) ကို အစဉ်တစိုက် ထောက်ခံအားပေးလာတဲ့ နိုင်ငံဖြစ်ပါ တယ်။
XS
SM
MD
LG