သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုပ်စုလိုက် စော်ကားခံရတဲ့ အိန္ဒိယဆေးကျောင်းသူ သေဆုံး


အိန္ဒိယနိုင်ငံက မတရားအပြုကျင့်ခံရပြီး အမျိုးသမီးလေး အတွက် ဆုတောင်းနေစဉ်မှာပဲ ဆေးကုသခံနေတဲ့ အမျိုးသမီးလေးဟာ သေဆုံးသွားပြီဖြစ်တယ်လို့ ဆေးရုံက သတင်း ထုတ်ပြန်ပါတယ်။ ( ဒီဇင်ဘာ ၂၉၊ ၂၀၁၂)
အိန္ဒိယနိုင်ငံက မတရားအပြုကျင့်ခံရပြီး အမျိုးသမီးလေး အတွက် ဆုတောင်းနေစဉ်မှာပဲ ဆေးကုသခံနေတဲ့ အမျိုးသမီးလေးဟာ သေဆုံးသွားပြီဖြစ်တယ်လို့ ဆေးရုံက သတင်း ထုတ်ပြန်ပါတယ်။ ( ဒီဇင်ဘာ ၂၉၊ ၂၀၁၂)
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ လူစုလူဝေးနဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ် ဟာ ဆေးကုသမှုခံယူနေတဲ့ စင်္ကာပူနိုင်ငံ ဆေးရုံမှာ ကွယ်လွန်သွားပါပြီ။ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသူဟာ စနေနေ့ မနက်ပိုင်းက ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားခဲ့တယ်လို့ စင်္ကာပူနိုင်ငံ Mount Elizabeth ဆေးရုံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အထူးပြုလုပ်ထားတဲ့ အသက်ရှု အထောက်အပံ့ အမြင့်ဆုံး၊ အကောင်းဆုံး ပဋိဇီ၀ ဆေးဝါးတွေ၊ ရောဂါပိုးဝင်ရောက်တာကို ရင်ဆိုင်နိုင်စေမယ့် ခွန်အားပြည့်ဆေးတွေနဲ့ ဆရာဝန်တွေက အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ Mount Elizabeth ဆေးရုံ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ကယ်ဗင်န် လို (Kevin Loh) က ပြောပါတယ်။

အမည် ထုတ်ဖော်ပြောမထားတဲ့ သူ့ရဲ့ မိသားစုဝင်တွေ သူ့ဘေးနားမှာ ရှိနေကြတယ်လို့လည်း ဒေါက်တာလိုက ပြောပါတယ်။ အမျိုးသမီးငယ်ဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့က နယူးဒေလီမြို့တော်မှာ အမျိုးသားအဖော်တဦးနဲ့အတူ ဘတ်စ်ကားနဲ့ ခရီးသွား နေချိန် ကားပေါ်ပါလာတဲ့ တခြား အမျိုးသားအုပ်စုတစုက သူတို့နှစ်ယောက်စလုံးကို သံတုတ်နဲ့ရိုက်၊ အမျိုးသမီးငယ်ကို မုဒိန်း ကျင့်ပြီး ဘတ်စ်ကားပေါ်ကနေ ပစ်ချခဲ့တာပါ။

မုဒိန်းကျင့်ပြီး လူသတ်ဖို့ကြိုးစားခဲ့မှုနဲ့ စွပ်စွဲပြီးတော့ သံသယရှိသူ ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ သူ့ကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယကနေ စင်္ကာပူနိုင်ငံဆီ လေကြောင်းခရီးနဲ့ ပို့ခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်အပေါ် အိန္ဒိယမှာရှိတဲ့ ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူတွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။
XS
SM
MD
LG