သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော် ဇော ဈာပန အကျဉ်းချုံး ပြုလုပ်


ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ သမီး ဒေါက်တာလှကျော်ဇော
(ချိုးလင်းပြာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်)
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ သမီး ဒေါက်တာလှကျော်ဇော (ချိုးလင်းပြာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်)
မြန်မာလွတ်လပ်ရေးလှုပ်ရှားမှု နဲ့ ဖက်ဆစ်ဆန့် ကျင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရဲ့ ဈာပနကို ဒီကနေ့မနက်ပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ အကျဉ်းရုံး ကျင်းပခဲ့ပြီးတော့ မီးသဂြိုလ်ခဲ့ပါတယ်။ ကြွင်းကျန်တဲ့ အရိုးပြာကိုတော့ တစ်ချိန်ချိန်မှာ မြန်မာပြည်ကို ပြန်ပို့ပေးမှာဖြစ်ကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

“မနက်ပိုင်းမှာပဲ။ မနက်ပိုင်းမှာပေါ့။ ကျနော်တို့ ကူးမင်း(ခွန်းမင်)မှာပါပဲ။ မီးသင်္ဂြိုဟ်တာ ကတော့။ ဖေဖေ့ရဲ့ စိတ်ဆန္ဒအတိုင်းပါပဲ၊ အရိုးရှင်းဆုံးနဲ့ နော် ။ ကျနော်တို့ အရိုးပြာကို သေသေ ချာချာ သိမ်းခဲ့တယ်ပေါ့ဗျာ။ အရိုးပြာက တရက်ရက်မှာ ကျနော်တို့ ပြန်နိုင်ရင် ပြန်ပေါ့။ မပြန်နိုင်တဲ့ အခါမှာလည်း အရိုးပြာကိုရောက်အောင် ပို့ရမှာပေါ့ဗျာ”

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ အောက်တိုဘာလ ၁၀ရက်နေ့ မနက် ၃နာရီခွဲမှာ ကူမင်းမြို့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာပါ။ အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ပြီးခဲ့တဲ့ ၂လလောက်ကတည်းက အဆုတ်ရောင်ရောဂါကြောင့် အရေးပေါ်ခန်းမှာ ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းကတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ဆေးရတက်ကုသနေစဉ် သူမသေခင် မှာ ရွှေတိဂုံ စေတီတော်
ကို ဖူးချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကလည်း ရဲဘော်သုံးကျိပ်
အဖွဲ့ဝင် တစ်ဦးအနေနဲ့ပြန်လာဖို့ ကမ်းလှမ်းထားပြီးတဲ့နောက်မှာ ကွယ်လွန်သွားခဲ့တာပါ။

ဗမာပြည်ကွန်မြူနစ်ပါတီ ကတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ အရိုးပြာအိုးကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဖက်မုဒ်က သခင်ကိုယ်တော်မှိုင်းရဲ့ အုပ်ဂူခြေရင်းမှာ မြှုတ်နှံဖို့ ဆန္ဒရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ကျန်နေတဲ့ အရိုးပြာကို
ဘယ်လိုစီမံမလဲဆိုတာ မိသားစုအပေါ်မှာပဲ မူတည်တယ်လို့လည်းပြောပါတယ်။
ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ချိန်မှာတော့ သားသမီးများဖြစ်ကြတဲ့ ဒေါက်တာ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော နဲ့
ဦးအောင်ကျော်ဇော တို့ ကျန်ရစ်ခဲ့ပါတယ်။ ဒီလကုန်ပိုင်း မှာတော့ ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိပေါင်းချုပ် ဖြစ်တဲ့ "ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" ဆိုတဲ့ စာအုပ်ကို မြန်မာပြည်တွင်းမှာ ထုတ်ဝေမှာဖြစ်ပါတယ်။
XS
SM
MD
LG