သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွဲဖက်လေယာဉ်မှူးမှာ ကြိုတင်အကြံရှိခဲ့ပုံရ


ခရီးသည် ၁၅၀ ပါလာတဲ့လေယာဉ်ကို ပျက်ကျအောင်မောင်းနှင်ခဲ့သူလို့ ယုံကြည်ရတဲ့ ဂျာမန်တွဲဖက်လေယာဉ်မှူး Andreas Lubitz
ခရီးသည် ၁၅၀ ပါလာတဲ့လေယာဉ်ကို ပျက်ကျအောင်မောင်းနှင်ခဲ့သူလို့ ယုံကြည်ရတဲ့ ဂျာမန်တွဲဖက်လေယာဉ်မှူး Andreas Lubitz

ပြင်သစ် Alps တောင်တန်းတွေအပေါ် Germanwings လေယာဉ်ကို တမင်ထိုးချခဲ့တယ်လို့ ယုံကြည်ရတဲ့ တွဲဘက်လေယာဉ်မှူးက တနေ့မှာ
သူ့ရဲ့နာမည်ကျန်ရစ်တဲ့ကိစ္စကြီးတခုကို လုပ်ဖို့ရှိတယ်ဆိုတာပြောဖူးတယ်လို့ သူ့ရဲ့ ရည်းစားဟောင်းက ပြောလိုက်ပါတယ်။

လေယာဉ်မှူး Andreas Lubitz က လူတွေအားလုံး အမှတ်ရနေစေမယ့် ကိစ္စကြီးတခုကို သူလုပ်ဖို့စီစဉ်နေတဲ့အကြောင်း ပြီးခဲ့တဲ့နှစ်က ပြောခဲ့ဖူးတယ်လို့ သူ့ရဲ့ရည်းစားဟောင်းက ဂျာမနီနိုင်ငံမှာ နေ့စဉ်ထုတ်ဝေတဲ့ Bild သတင်းစာကိုပြောခဲ့ပါတယ်။ အဲဒီပြောတဲ့အချိန်တုန်းက ဘာကိုဆိုလိုတယ်ဆိုတာ သူနားမလည် ခဲ့ပေမယ့် လေယာဉ် ပျက်ကျတဲ့သတင်းကြားစဉ်မှာ အဲဒါကို သွားပြန်သတိရပြီး အင်မတန်တုန်လှုပ်ခဲ့ရတယ်လို့ အဲဒီအမျိုးသမီးရဲ့ အပြောကို
သတင်းစာထဲမှာ ကိုးကားဖော်ပြထားပါတယ်။

တနေ့မှာ စနစ်ကြီးပြောင်းလဲသွားဖို့ သူတခုခုလုပ်ဖို့ရှိတယ်။ အဲဒီအခါကျရင် သူ့နာမည်ကို သိသွားကြပြီး အမှတ်ရနေကြမှာဖြစ်တယ်လို့ Andreas Lubitz ကပြောခဲ့တာဖြစ်တယ်လို့ အသက် ၂၆ နှစ်အရွယ် လေယာဉ်မယ် Maria W လို့ပဲ ဖော်ပြထားသူ အမျိုးသမီးက သတင်းစာကို ပြောခဲ့တာပါ။ Andreas Lubitz ဟာ စိတ်ရောဂါအတွက် ကုသမှုခံယူနေရတယ်ဆိုတာကိုလည်း သူ့ကို ပြောပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၅ဝ ပါသွားတဲ့ Germanwings လေယာဉ်ပျက်ကျအောင်လို့ တွဲဘက်လေယဉ်မှုး Andreas Lubitz က တမင် အောက်ကို ထိုးချပျံသန်းခဲ့တာလို့ လေယာဉ်ပျံသန်းမှု အသံမှတ်တမ်းကို စစ်ဆေးပြီး ပြင်သစ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ စုံစမ်း စစ်ဆေးမှုတွေကိုလည်း ဆက်လုပ်နေကြပါတယ်။

Germanwings ပျက်ကျလေယာဉ်ပေါ်က ခရီးသည်တွေအတွက် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပေးစဉ်။ (မတ် ၂၈၊ ၂၀၁၅)
Germanwings ပျက်ကျလေယာဉ်ပေါ်က ခရီးသည်တွေအတွက် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပေးစဉ်။ (မတ် ၂၈၊ ၂၀၁၅)

ဒီကနေ့မှာတော့ လေယာဉ်ပေါ်ပါသွားသူတွေအတွက် အောက်မေ့ဆုတောင်းပွဲတွေကို ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက ပြုလုပ်ခဲ့ကြပါတယ်။ ပြင်သစ် Alps တောင်တန်းတွေပေါ်က လေယာဉ်အပျက်အစီး အပိုင်းအစတွေကို လိုက်လံရှာဖွေနေတာမှာလည်း ရာသီဥတုကြောင့် နှောင့်နှေးမှုတွေရှိနေပါတယ်။

XS
SM
MD
LG